Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်ကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်နေ၊ ပြည်သူ ထိခိုက်သေဆုံးမှုရှိ

မြောင်မြို့‌ပေါ် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း မုံရွာမြို့ နမခမှ တက်လာသော အင်ဂျင်တပ်လေထီး နှစ်စီးအား ၂၀၂၅ ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

မတ်- ၂၀၊၂၀၂၅။ ရဲခေါင်၊အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်နေရာ ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မတ်လ ၁၉ ရက်)ညပိုင်းကစ၍ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် စက်တပ်လေထီးသည် မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာကို ကနဦး ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

“လေထီးနဲ့လာချလို့ပြည်သူတွေ သေတာရှိတယ်။ကူးတို့ကုန်းအရှေ့ဖျားသုံးလုံးကျတာ အိမ်မီးလောင် တယ်။ပြည်သူ လေးဦးသေတယ်။တစ်ဦး ဒဏ်ရာရတယ်”ဟု မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDSOM)တာဝန်ခံ ကိုနွေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(မတ်လ ၂၀ ရက်) နံနက်ပိုင်းတွင်လည်း မြောင်မြို့နယ်ကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် ဆက်လက်တိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယမန်နေ့ ညနေပိုင်းက မြောင်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကူးတို့ကုန်းနှင့် လှေတင်ဦးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး လူတစ်ဦးထိခိုက်ကာ တိရစ္ဆာန်များသေဆုံးမှုရှိခဲ့သည်။

မြောင်ပြည်သူ့တပ်မတော်မှ ကိုတိုက်ဂါးကလည်း “ပြည်သူများ ကောင်ကင်ယံ စက်ပျံဝဲသံကြရင် အထူး သတိရှိပါဗျ”ဟု ပြောသည်။

ကို‌နွေဦးက ” မြောင်မြို့အနီးနားရွာမှပြည်သူများ စက်တပ်လေထီးနှင့် လက်နက်ကြီးအန္တရာယ်မှကင်းဝေးရန် ရှောင်တိမ်းနေကြဖို့လိုပါတယ်”ဟု ပြောသည်။

ကူးတို့ကုန်းနှင့် လှေတင်ဦးကျေးရွာသည် မြောင်မြို့နှင့်နီးကပ်စွာရှိပြီး မြို့တောင်ဘက်ခြမ်းတွင် ရှိသည်။

မကြာသေးမီရက်ပိုင်းကလည်း ရေစကြိုမြို့ဘက်မှ မြောင်မြို့နယ်အောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီး လူနေအိမ် ၁၅၀ကျော် မီးရှို့ခံခဲ့ရသည်။

မြောင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီမှစ၍ စစ်ကောင်စီစစ်ကြောင်းများတိုက်ခိုက်ခံရပြီးနောက် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေခြင်းဖြစ်သည်။

မြောင်မြို့နယ်၊ပန်းညိုကျေးရွာတွင် မတ်လ ၁၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက ဧရာဝတီမြစ်ကြောင်းမှတဆင့် အင်အားတိုးခဲ့သည်။ ဖေဖော်ဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ဗိုလ်ကြီးအပါအဝင် ၉ဦးသေဆုံးပြီး ၉ဦးဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁၈ ရက်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်ကို စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့ပြီး ပြည်သူ့နေအိမ်နှင့် ဘုန်ကြီးကျောင်းပျက်စီးမှုရှိခဲ့သည်။

မတ်လ ၅ရက်ကလည်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်​ရေးပစ္စည်းစက်ရုံ(ကပစ – ၂၂ )က တက်လာသည့် Paramotor စက်တပ်လေထီး(၂) စီးကို မြိုင်၊ပေါက်၊ကမ္မ ပကဖ စုဖွဲ့မှုတပ်ကပွိုင့်ဖိုက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ Paramotor မောင်းသူ စစ်သား(၁)ဦး ပေါင်ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရသွားအကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောထားသည်။

ယခုနှစ်ဆန်းပိုင်းကစ၍ စစ်ကောင်စီသည် စက်တပ်လေထီးကို နိုင်ငံတစ်ဝန်း၌ တွင်ကျယ်စွာအသုံးပြုလာရာ မကွေးနှင့်စစ်ကိုင်းတိုင်းတို့ရှိ အရပ်သားနေရာအများစု တိုက်ခိုက်ခံနေရပြီး လူသေဆုံးမှု မကြာခဏ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။