Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုက်ပွဲအတွင်း သေဆုံးစစ်တပ်အရာရှိအချို့ကို ပုသိမ်-မုံရွာလမ်းဘေးသုသာန်၌ သဂြိုလ်​နေ

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်ဧရိယာများတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း သေဆုံးသော စစ်ကောင်စီတပ်မှ အရာရှိအချို့ကို ကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင် ‌စစ်ကောင်စီက လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားသည်။

ရခိုင်-ဧရာဝတီတိုင်းအစပ်တွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိထား​သော သံချပ်ကာယာဥ်ဖြင့် ချီတက်လာ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Infodesk

မတ်-၂၀၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ် ထိစပ်ဧရိယာများတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း သေဆုံးသော စစ်ကောင်စီတပ်မှ အရာရှိအချို့ကို ကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင် ‌စစ်ကောင်စီက လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားသည်။

အရာရှိတစ်ဦးပါသော စစ်ကောင်စီရုပ်အလောင်း ငါးလောင်းကိုမတ် ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်က လာရောက်သင်္ဂြိုဟ်ခဲ့ကြောင်းစုံစမ်းသိရသည်။

“လာသဂြိုလ်တာ ဗိုလ်အဆင့် အရာရှ်ိတစ်ဦးပါတယ်။ ကျန်တာက တပ်ကြပ်အဆင့်။ မြေပြင်မှာသေတာတွေက ဒီကို သယ်မလာဘူး”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမှတ်(၅)လေ့ကျင့်ရေးတပ်ရှိ‌သောကွင်းကောက်မြို့သည် လက်ရှိတိုက်ပွဲများဖြစ်နေသည့် ဒေသများနှင့် မိုင် ၃၀ခန့်အကွာ၌ရှိပြီး ပုသိမ်-မုံရွာလမ်းမကြီးဖြတ်သွားသည်။

တိုက်ပွဲသည်ရေကြည်မြို့နယ်အတွင်း ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ်တွင် ဝက်ကုန်းရွာ၊ ချင်းလယ်ရွာပတ်ဝန်းကျင်၌ ဖြစ်ပွားနေသည်။ အဆိုပါနေရာများသည် ရေကြည်မြို့၊မြောက်စမ်းရွာအခြေစိုက် အမြောက်တပ်အမတ(၃၄၄)နှင့်လည်း မိုင်အနည်းငယ်သာ လှမ်းသည်။မတ်လ ၁၇ရက်မှစတင်၍ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး မတ်လ ၁၈ ရက်နေ့ညက ဝက်ကုန်းရွာအနီးသို့ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

” တိုက်ပွဲမှာအများဆုံးသေတာက စစ်သင်တန်းဆင်းတွေ။ထုံးစံအတိုင်း ပြန်မကောက်တဲ့အလောင်းတွေပေါ့။ သူတို့ပြန်ကောက်တာက အရာရှိအဆင့်ပဲရှိတာ။ နောက်ပြီးတော့ တိုက်ပွဲကအရှိန်လျော့မနေဘူးနော်။ ပြည်သူတွေ အစစအရာရာသတိထားဖို့လိုတယ်” ဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များကအမတ(၃၄၄) နှင့် သာပေါင်းမြို့နယ် ရှိခမရ(၃၀၈)တို့ကို ဦးတည်၍စစ်ရေးဖော်ဆောင်နေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

အမတ(၃၄၄)ကိုလည်း စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေပြီးဘန်ကာအသစ်များတူးနေကြောင်း သတင်းရရှိသည်။

“အခုဖြစ်နေတဲ့တိုက်ပွဲနေရာတွေကိုမြောက်စမ်းအ‌မြောက်တပ်(အမတ ၃၄၄)ထဲကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတယ်။ ရဟတ်ယာဉ်တွေ၊ စက်တပ်လေယဉ်တွေပတ်နေတယ်”ဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အာရက္ခတပ်​တော် (AA)​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခ ကလည်း “ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်က​နေရာ​တွေ အထူးသဖြင့် သာ​ပေါင်းမြို့နယ် ထဲက ​နေရာချို့မှာတိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေတာရှိပါတယ် “ဟု ဧရာဝတီ တိုင်းအတွင်းတိုက်ပွဲအ​ခြေအ​နေကို ​ပြောသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရဒေသခံပြည်သူများ သတိထားသွားလာကြရန်ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့အပြင် တိုက်ပွဲဧရိယာမှ ဒေသခံများသည် ပုသိမ်၊ ရေကြည်၊ ဟင်္သာတမြို့နှင့် နီးစပ်ရာ နေရာများသို့ စစ်ဘေးတိမ်းရှောင်မှုများရှိနေသည်။ ဧရာဝတီတိုင်းအတွင်းတိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကလူမှုကွန်ရက်မှတစ်ဆင့်သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်​ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလေကြောင်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ဘုတလင်မြို့နယ်အတွင်း စစ်‌ကောင်စီစစ်ကြောင်းအား စက်တင်ဘာ ၃၀ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းမှုတွင် အရာရှိနှစ်ဦးအပါအဝင် ၄၅ ဦး အရှင်ဖမ်းမိပြီး စစ်သားအ​လောင်း၃၈ လောင်းတွေ့ရှိထားကာ ထွက်ပြေးနေသူ အချို့ရှိနေသည်။