Connect with us

Hi, what are you looking for?

သတင်း

ပြည်ပသွားရောက်လုပ်ကိုင်ခွင့်ပြုမည့် လူအရေအတွက်နှင့် အလုပ်ခေါ်စာ စစ်ကောင်စီ ကန့်သတ်

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ပြုမည့် လူအရေအတွက်နှင့် အလုပ်ခေါ်စာ(Demand Latter)ကို စစ်ကောင်စီက စတင်ကန့်သတ်လိုက်သည်။

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်နေသည်ကို ၂၀၂၄က တွေ့ရစဉ်။ ဓာတ်ပုံ - POEA

မတ်-၂၃၊၂၀၂၅။ရဲခေါင်/People’s Spring

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ပြုမည့် လူအရေအတွက်နှင့် အလုပ်ခေါ်စာ(Demand Latter)ကို စစ်ကောင်စီက စတင်ကန့်သတ်လိုက်သည်။

မတ်လ ၂၂ ရက်ကစ၍ ထိုင်းနိုင်ငံနှင့် ယနေ့ (မတ်လ ၂၃ ရက်)တွင် ဂျပန်နိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်ပြီး အေဂျင်စီများလိုက်နာဆောင်ရွက်ရမည့်အချက်များကို စစ်ကောင်စီက ကန့်သတ်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်များအရ ထိုင်းနိုင်ငံသို့သွား ရောက်အလုပ်လုပ်ကိုင်မည့် အလုပ်ခေါ်စာတစ်စောင်လျှင် အလုပ်သမား ၅၀ဦးနှုန်းဖြင့် အေဂျင်စီများက တစ်လလျှင် တစ်ကြိမ်နှုန်းသာ တင်ပြရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အ​တူ ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကိုလည်း အလုပ်ခေါ်စာတစ်စောင်လျှင် ၁၅ ဦးဖြင့် တစ်လ လျှင်တစ်ကြိမ်သာ ခွင့်ပြုပေးမည်ဟု ဖော်ပြထားသည်။

“တစ်လကို အေဂျင်စီတခုကနေ ၁၅ ယောက်။၁ ကြိမ်ပဲတင်လို့ရမယ်ဆိုတော့။Demand အသစ်တွေကိုလဲ မေ လ ၂ ရက်နေ့မှ စလက်ခံမယ်တဲ့။တစ်ယောက်မှ မထွက်နဲ့လို့ ပြတ်ပြတ်သားသား ကြေ ငြာလိုက်ပြီးတဲ့ဟာကို”ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် အခြားနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ဆက်လက်ကြေညာမည်ဟု စစ်ကောင်စီက ဆိုသည်။

“သွားဖို့ ၁ လပိုင်း ၁၅ က စာချုပ်ချုပ်ထားတာ။ သွားဖို့ ချုပ်ထားတာက ၁၇၅ ယောက် ၅၀ပဲ ပို့လို့ရမယ်ပြောနေကြလို့ အလှည့်က ဘယ်တော့မှန်းမသိ။ စိတ်ဓာတ်တွေလဲ ကျနေပီ”ဟု ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်စီစဥ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်ပသို့သွားရောက်လုပ်ကိုင်မည့်သူများအတွက် လုပ်ဆောင်ရမည့် သတ်မှတ်ချက်များတွင် အလုပ်ခေါ်စာများ တင်ပြခြင်း၊ အလုပ်ခေါ်စာများကို စိစစ်ခြင်း၊ အလုပ်ခေါ်စာ မှန်ကန်ကြောင်း အတည်ပြုပြီးဆောင်ရွက်ခွင့်ပြုခြင်း၊ စာချုပ်ချုပ်ဆိုရန် တင်ပြခြင်း၊ စာချုပ်ချုပ်ဆိုခွင့်ကို စိစစ်ခြင်းနှင့် စာချုပ်ချုပ်ခွင့်ပြုခြင်း တို့ပါရှိသည်။

ထို့အပြင် အလုပ်သမားသက်သေခံကတ်(OWIC)ပြုလုပ်ခွင့် တင်ပြခြင်း၊ OWIC ခွင့်ပြုခြင်း၊ အလုပ်သမားစေလွှတ်ခွင့်ပြုရန် တင်ပြခြင်း၊ အလုပ်သမားဝန်ကြီးဌာနက စိစစ်ခွင့်ပြုခြင်း၊ ပြည်ပထွက်ခွာမည့် ခွင့်ပြု အလုပ်သမားများစာရင်းကို လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များသို့ ပေးပို့ခြင်း၊ ပြည်ပစေလွှတ်မှု ပြီးစီးခြင်းဆိုင်ရာ သတင်းပို့ခြင်းနှင့် အလုပ်သမားပြန်လည် ဝင်ရောက်ခြင်းစသည့် အချက်များကို စစ်ကောင်စီ​က သတ်မှတ်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာမည့် အလုပ်သမားများအားလုံးလည်း မတ်လ ၁၇ ရက်ကစတင်၍ စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိတော့ပေ။

PJ အမျိုးအစား အလုပ်အကိုင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနထံ ၅ရက် ကြိုတင် ခွင့်ပြုချက် လျှောက်ထားပြီးမှ ပြည်ပထွက်ခွာနိုင်မည့်ညွှန်ကြားချက်မှာ မတ်လဒုတိယပတ်တွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အလုပ်သမားဝန်ကြီးအသစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးချစ်ဆွေကို ပြောင်းလဲခန့်အပ်ပြီးနောက် ပြည်ပအလုပ်သမားသက်သေခံကတ် (oversea workers Identity card ) OWICပြုလုပ်ခွင့် ပိတ်ပင်မှု၊ဗီဇာ စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုအပါအဝင်၊ပြည်ပရောက်မြန်မာလုပ်သားများ ဖမ်းဆီးခံရမှုများလာနေသည်။

စစ်ကောင်စီသည် အသက် ၁၈ နှစ် ၃၅ နှစ်ကြားအမျိုးသားများကို ပြည်ပထွက်ခွာမှု ပိတ်ပင်ခြင်း နှင့် ပြည်ပရောက်မြန်မာလုပ်သားများ၏ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြန်လည်လွှဲပြောင်းရန် စသည့် ဖိနှိပ်မှုများပါ လုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။