Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတွင် ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာထိစပ်​ဒေသများအထိ့တိုက်ပွဲပြင်းထန်လာ

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်​ဒေသများတွင်မတ်လ၂၃ ရက်နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

မတ်-၂၃၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်​ဒေသများတွင်မတ်လ၂၃ ရက်နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

အဆိုပါဒေသတဝိုက်မှ ချင်းလယ်၊ တုံးတော၊ ဝတ်ကုန်း၊ ကညင်တိုင်းရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

“တိုက်ပွဲတွေတော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ရေကြည်၊ ငါးသိုင်းချောင်း ဘက်ကိုလည် ဖြတ်ပြီး ဟက်စကီးတွေတောက်လျှောက်တတ်နေတယ်။ စက်တပ်လေထီး‌‌တွေလည်း ပျံတက်တယ်။ တိုက်ပွဲသံတွေ ကြားနေရတယ်” ဟု လေးမျက်နှာမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်တော်(AA) နှင့် PDF ပူးပေါင်းတပ်များကမတ်လ ၁၅ရက်မှစ၍ရေကြည်မြို့၊ မြောက်စမ်းရွာအခြေစိုက် အမြောက်တပ်အမတ(၃၄၄)နှင့် သာပေါင်းမြို့နယ် ရှိခမရ(၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်က ဝတ်ကုန်းရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ပြီးနောက်လေကြောင်းအသုံးပြုမှုပိုများလာသည်ဟု ဒေသခံများကပြောသည်။

“ကျတော်လည်းရွာကိုထားခဲ့ပြီ။ နေလို့မရတော့ဘူး။ တိုက်ပွဲမှာက AAက ဖိတိုက်နေတာ။ မြေပြင်မှာစစ်တပ်အထိနာလေ လေကြောင်းကနေ ပစ်လေပဲ။ မနေသင့်‌တော့ဘူး”ဟု ဒေသခံတဦးက People’s Spring သို့ပြောသည်။

ဒေသကိုစွန့်ခွာခဲ့သောစစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ခန့်ရှိနေပြီး အကူအညီများပေးကြရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းထားသည်။

တိုက်ပွဲနေရာများသည် ပုသိမ်-မုံရွာလမ်းနှင့်လည်း နီးသည်။ ပုသိမ်-မုံရွာလမ်းသည် ဧရာဝတီ၊ ပဲခူး၊ မကွေး နှင့် စစ်ကိုင်းတိုင်းအထိ ဖောက်လုပ်ထားပြီး AA အပါအဝင်တော်လှန်ရေးတပ်များကလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်။တိုက်ပွဲကြောင့် ဒေသခံများ၏ လုံခြုံရေးအန္တရာယ်များ စိုးရိမ်ရသည့်အတွက်အသွားအလာများ သတိထားကြရန်ရေကြည်ပကဖအပါအဝင်ကာကွယ်ရေးတပ်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။