Connect with us

Hi, what are you looking for?

သတင်း

နမခအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု BWMပြော

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)က ယနေ့(မတ်လ ၂၄ ရက်) အသိပေးသည်။

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံကို BWMအဖွဲ့ တိုက်ခိုက်ခဲ့သည့် ပုံဟောင်း ဖြစ်သည်။ဓာတ်ပုံ - BWM

မတ်-၂၄၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)က ယနေ့(မတ်လ ၂၄ ရက်) အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ်လ ၂၃ ရက် ည ၉ နာရီခွဲကျော်တွင် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ပစ်မှတ်ထားပြီး ရှော့တိုက်ဒုံး သုံးလုံးဖြင့် တိုက်ခိုက်ရာ နှစ်လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။

“အညာဒေသက ပြည်သူတွေကိုရော တော်လှန်ရေးအင်အားစုတွေကိုရော အဓိ ဒုက္ခပေးနေတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို BWMနဲ့ မဟာမိတ်အဖွဲ့တွေက ဒါနဲ့ဆို ၂ ကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်”ဟု BWM တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

နမခ တိုက်ခိုက်ခဲ့သော BWM Mission 32 ၌ စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြသည်။ထို့အပြင် နမခ၏ ထိခိုက်မှုအခြေအနေကို လူထုနွေဦး အနေဖြင့်လည်း စုံစမ်းနေဆဲဖြစ်သည်။

“ပြန်ဆုတ်လာတဲ့အချိန်အထိတော့ ဘာမှတုန့်ပြန်တာမတွေ့ခဲ့ရသေးပါဘူး။ အဲ့နောက်ပိုင်းတော့မသိတော့ဘူး၊ ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု BWM မှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ လက်ရုံးတပ်ဖွဲ့များ စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့်စစ်ဌာနချုပ်ဖြစ်သည်။

ထို့အပြင် ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။

ထို့ကြောင့် BWMဦးဆောင်ဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့သည် အညာဒေသနွေဦးတော်လှန်ရေးအင်အားစုများ၏ အဓိက ရန်သူဌာနချုပ်ဖြစ်သော နမခကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

လက်ရှိ နမခတိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ကာ ၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်တွင် အမှတ် (၁၃)တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း) ကျောင်းအုပ်ကြီးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ် သည်။

စစ်ကောင်စီ၏ လေတပ်အပါအဝင် အကြီးစားစစ်ရေးအချက်အချာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် BWM အဖွဲ့သည် ယခု ၂၀၂၅ ဇန်နဝါရီ ၂၀ရက်ကလည်း မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် (၂၁)ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။