Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ် ကျေးရွာနှစ်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ရဲဘော်တစ်ဦးကျဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့(မတ်လ ၂၃ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၄၊ ၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့(မတ်လ ၂၃ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်ထဲက မြေဖြူကုန်းရွာနဲ့ တမံကြီးကျေးရွာကို မနေ့ည သန်းခေါင်ကျော်မှာ စစ်တပ်က Y12လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကျေးရွာတွေပေါ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေဖြူကုန်းရွာတိုက်ခိုက်ခံရမှုမှာ နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တမံကြီးရွာတိုက်ခိုက်ခံရမှုမှာ အသက်၂၀ကျော် အရွယ် တော်လှန်ရေးရဲဘော်တဦးကျဆုံးခဲ့ပြီး နေအိမ်ထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ရွာ၂ရွာကို ဆိုင်ကယ်နဲ့၁၀မိနစ် လောက်ပဲသွားရတာ။ အဲဒီနှစ်ရွာကိုတခါထဲတိုက်သွားတာ။ မနေ့ညက ဘာတိုက်ပွဲမှမရှိပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ၂၂ရက် ည ၁၂နာရီကျော်မှာလည်း တောင်သာမြို့နယ်နဲ့ကပ်လျက်က နွားထိုးကြီးမြို့နယ် လက်ဝဲ+မြင်းနီကျေးရွာကို ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ်၊ စက်တပ်လေထီးတို့နဲ့လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦးဒဏ်ရာရပြီး နေအိမ် ၁၀လုံးကျော် မီးလောင်ခဲ့‌‌တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ သီတာယုမွန်ရဲ့ ပျူစောထီးတွေက အသက်မပြည့်‌‌ သေးသူနဲ့သက်ကြီးရွယ်အို တွေအပါအဝင် အမျိုးသမီး၆ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။