Connect with us

Hi, what are you looking for?

သတင်း

နမခ တိုက်ခိုက်မှု စစ်ကောင်စီတပ် ထိခိုက်မှုများဟု BWM ပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ကိုးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၆ဦးခန့်ရှိကြောင်း ယင်းစစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့သည့် Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ပစ်ခတ်တိုက်ခိုက်​နေသည်ကို ၂၀၂၄ ဒီဇင်ဘာ ၆ရက်က တွေ့ရစဥ်။ဓာတ်ပုံ - BWM

မတ် – ၂၄ ၊ ၂၀၂၅။ သတိုး/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ကိုးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၆ဦးခန့်ရှိကြောင်း ယင်းစစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့သည့် Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။

“ချက်ကောင်းထိ သွားလို့ပါ။ ဘာပဲဖြစ်ဖြစ် ခုလိုထိထိရောက်ရောက်ဖြစ်သွားတဲ့အတွက် ရှေ့ဆက်မစ်ရှင်တွေလုပ်ဖို့ အားတက်မိပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို မတ်လ ၂၃ ရက် ည ၉ နာရီခွဲခန့်တွင် နမခအတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ပစ်မှတ်ထား၍ ၁၀၇ မမ‌ရှော့တိုက်ဒုံးသုံးလုံးဖြင့် တိုက်ခိုက်ရာ နှစ်လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း BWM ကအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် နမခ၏ အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ကာ အရာရှိတစ်ဦးနှင့် တပ်ကြပ်ကြီးစာရေးများအပါအဝင် အခြားအဆင့် ၆ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများအနက် နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရဟတ်ယာဉ်ရပ်နားသည့် ဂိုဒေါင်မီးလောင်ခဲ့ကာ လုံခြုံရေးယူနေသည့် တပ်နယ်အသီးသီးမှ အရာရှိ၊စစ်သည်အရံစစ်ကြောင်း (၁)မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် ၆ဦးသေဆုံးပြီး စစ်သည် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု BWMက အသိပေးထားသည်။

“တစ်ခုထူးခြားတာက ဒီတစ်ခေါက် ကျနော်တို့ရဲဘော်တွေပစ်တာကို သူတို့ဘက်က ပြန်ကိုမပစ်ခဲ့ဘူး၊ ပြန်ပစ်မယ့်လူတွေရှိတဲ့နေရာတည့်တည့်ကိုပဲ ကျသွားလို့လား၊ အခြားအကြောင်းကြောင့်လားတော့စဥ်းစားစရာပါပဲ”ဟု BWMမှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ ထိခိုက်မှုများအပြင် အမှတ်(၈၁)ဆက်သွယ်ရေးအလုပ်ရုံအတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းများလည်း မီးလောင်ခဲ့ပြီး ပုံမှန်အားဖြင့် နမခမှနေ့စဉ် M-17 စစ်ရဟတ်ယာဉ် နှစ်စီးအတက်အဆင်းပြုလုပ်လေ့ရှိသော်လည်း ယနေ့တွင် တစ်စီးသာအတက်အဆင်းပြုလုပ်နေသောကြောင့် ရဟတ်ယာဉ်တစ်စီးလည်းထိခိုက်မှုရှိနိုင်ကြောင်း BWMက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်မှ ထိခိုက်မှုနှင့်ပတ်သက်၍ လူထုနွေဦး အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါစစ်ဆင်ရေးကို BWM၏ဦးဆောင််မှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ပူး‌ပေါင်း၍ စစ်ကောင်စီ၏ ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အဖွဲ့အနေနဲ့ နိုင်ငံတဝှမ်းက တော်လှန်ရေးညီအစ်ကိုမောင်နှမများနှင့်ဟန်ချက်ညီညီဆက်လက်တိုက်ပွဲဝင်သွားမည်ဆိုတာကို ပြောချင်ပါတယ်” ဟု BWM မှ တာဝန်ရှိသူကပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ လက်ရုံးတပ်ဖွဲ့များ စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့်စစ်ဌာနချုပ်ဖြစ်သည်။

ထို့အပြင် ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။

လက်ရှိ နမခတိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ကာ ၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်တွင် အမှတ် (၁၃)တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း)ကျောင်းအုပ်ကြီးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။