Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်သူများကို စစ်အုပ်စုက စိတ်ဒဏ်ရာပေးနေ

မန္တလေးတိုင်းအတွင်း ငလျင်ဘေးသင့်ပြည်သူဦးရေနှင့် ပျက်စီးအိမ်ခြေစာရင်းကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံများက ခြိမ်းခြောက်ပြောဆိုမှုများနှင့် လူအခွင့်ရေချိုးဖောက်မှုများ ပြုလုပ်နေကြောင်း ကျူးလွန်ခံရသည့် ပြည်သူများက ပြောသည်။

ငလျင်ဘေးသင့်သူများကို စစ်အုပ်စုက စိတ်ဒဏ်ရာပေးနေ မတ်-၃၁၊၂၀၂၅။ခွာညို/People's Spring မန္တလေးတိုင်းအတွင်း ငလျင်ဘေးသင့်ပြည်သူဦးရေနှင့် ပျက်စီးအိမ်ခြေစာရင်းကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံများက ခြိမ်းခြောက်ပြောဆိုမှုများနှင့် လူအခွင့်ရေချိုးဖောက်မှုများ ပြုလုပ်နေကြောင်း ကျူးလွန်ခံရသည့် ပြည်သူများက ပြောသည်။ မြစ်သား၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ဝမ်းတွင်းမြို့တို့တွင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှူးများက ယနေ့ (မတ်လ ၃၁ရက်) နံနက်ကစ၍ စာရင်းကောက်ယူနေခြင်းဖြစ်သည်။ " ထောက်ပံရေးလုပ်မယ်ဆိုပြီး စာရင်းလာတောင်းတာ။ ပျူစောထီးတွေပါတယ်။ စစ်တပ်ကကောင်တွေကသေနတ်တွေပါလာတယ်။ ဘေးဒုက္ခရောက်နေတဲ့သူတွေကိုပြောနေပုံက အထက်စီးကနေ သူတို့ပေးမှစားရမယ့်ပုံစံ ဆက်ဆံတယ်ဗျာ"ဟု ဝမ်းတွင်းမြို့ခံတစ်ဦးက ပြောသည်။ ဝမ်းတွင်းမြို့တွင် ငလျင်ကြောင့် နေအိမ်အဆောက်အအုံပျက်စီးမှုများပြားခဲ့ပြီး ပြည်သူ ၃၆ဦး၏ ရုပ်အလောင်းတွေ့ရှိကာ ပျောက်ဆုံးနေသူများလည်းရှိကြောင်း လူမှုရေးအဖွဲ့ဝင်တစ် ဦးက ပြောသည်။ မန္တလေးတိုင်း၊ မြစ်သားမြို့တွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ငလျင်ဘေးသင့် အိမ်ထောင်သူစာရင်းလိုက်တောင်းနေပြီး စစ်မှုထမ်းရန်အတွက်စည်းရုံးမှုများရှိနေကြောင်း မြစ်သားမြို့ခံတစ်ဦးက ပြောသည်။ မန္တလေးတိုင်းတွင် ငလျင်ဘေးသင့် ဒေသများဖြစ်သည့်ကျောက်ဆည်နှင့် ပျော်ဘွယ်မြို့တို့တွင်လည်း ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် သေဆုံးသူများအား မီးရှို့သဂြိုလ်နေသည့် မီးသဂြိုလ်စက် အဆောက်အဦအက်သွား၍ သေဆုံးသူများအား စုပေါင်း၍ မြေမြုပ် သဂြိုလ်နေရသည်အထိအခြေအနေဆိုးရွားခဲ့သည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘေးသင့်သူများ၏မိသားစုဝင်များအား ရန်လိုသည့်ပုံစံမြင့်ဆက်ဆံနေကြောင်း မြို့ခံအချို့က ပြောသည်။ ပျော်ဘွယ်မြို့ခံတစ်ဦးက" စိတ်ဒဏ်ရာတွေရတယ်ဗျာ။ အချင်းချင်းပဲပြန်အားပေးနေရတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရန်သူတဲ့ဆက်ဆံရေးကတော့ မထူးဆန်းပေမယ့် ဒီအချိန်မှာ တော်တော်အဆင်ပြေဘူး"ဟု ပြောသည်။ ပျော်ဘွယ်မြို့တွင် မတ်လ ၃၀ရက်အထိ စာရင်းများအရ ငလျင်ကြောင့်သေဆုံးသူ ၁၆၀ခန့်ရှိကာ ၃၀၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ငလျင်သည် မတ်လ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၅၀မိနစ်က လှုပ်ရှားခဲ့ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်၌ အပျက်အစီးအလွန်များပြားခဲ့ပြီး သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ အဆောက်အအုံပြိုကျ၍ မိသားစုလိုက်သေဆုံးသူများလည်းရှိနေပြီး စိတ်ပိုင်းဆိုင်ရာဖေးမမှုများ လိုအပ်နေချိန်၌ စစ်ကောင်စီအုပ်စု၏ အပြုအမူများနှင့် ဆောင်ရွက်နေမှုများသည် လူသားမဆန်ကြောင်း ဘေးသင့်ဒေသမှ ဒေသခံအချို့က ပြောသည်။ ငလျင်ကြောင့်ထိခိုက်သေဆုံးမှုများရှိသည့်ဒေသများကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကြေညာထားသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အားစိုက်လုပ်ဆောင်ခြင်းမရှိဟု ဒေသခံများကဝေဖန်နေသည်။ ထို့အတူ နိုင်ငံတကာကပေးအပ်မည့် အထောက်အပံ့များသည် စစ်ကောင်စီထံမှတဆင့်ပေးအပ်ပါက စနစ်တကျခွဲဝေဖြန့်ဖြူးပေးလိမ့်မည်မယုံကြည်ကြောင်း ငလျင်ဘေးသင့်ပြည်သူအချို့က ပြောသည်။ (မန္တလေးမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောက်လှိုင်နှင့်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

မတ်-၃၁၊၂၀၂၅။ခွာညို/People’s Spring

မန္တလေးတိုင်းအတွင်း ငလျင်ဘေးသင့်ပြည်သူဦးရေနှင့် ပျက်စီးအိမ်ခြေစာရင်းကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံများက ခြိမ်းခြောက်ပြောဆိုမှုများနှင့် လူအခွင့်ရေချိုးဖောက်မှုများ ပြုလုပ်နေကြောင်း ကျူးလွန်ခံရသည့် ပြည်သူများက ပြောသည်။

မြစ်သား၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ဝမ်းတွင်းမြို့တို့တွင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှူးများက ယနေ့ (မတ်လ ၃၁ရက်) နံနက်ကစ၍ စာရင်းကောက်ယူနေခြင်းဖြစ်သည်။

” ထောက်ပံရေးလုပ်မယ်ဆိုပြီး စာရင်းလာတောင်းတာ။ ပျူစောထီးတွေပါတယ်။ စစ်တပ်ကကောင်တွေကသေနတ်တွေပါလာတယ်။ ဘေးဒုက္ခရောက်နေတဲ့သူတွေကိုပြောနေပုံက အထက်စီးကနေ သူတို့ပေးမှစားရမယ့်ပုံစံ ဆက်ဆံတယ်ဗျာ”ဟု ဝမ်းတွင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဝမ်းတွင်းမြို့တွင် ငလျင်ကြောင့် နေအိမ်အဆောက်အအုံပျက်စီးမှုများပြားခဲ့ပြီး ပြည်သူ ၃၆ဦး၏ ရုပ်အလောင်းတွေ့ရှိကာ ပျောက်ဆုံးနေသူများလည်းရှိကြောင်း လူမှုရေးအဖွဲ့ဝင်တစ် ဦးက ပြောသည်။

မန္တလေးတိုင်း၊ မြစ်သားမြို့တွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ငလျင်ဘေးသင့် အိမ်ထောင်သူစာရင်းလိုက်တောင်းနေပြီး စစ်မှုထမ်းရန်အတွက်စည်းရုံးမှုများရှိနေကြောင်း မြစ်သားမြို့ခံတစ်ဦးက ပြောသည်။ မန္တလေးတိုင်းတွင် ငလျင်ဘေးသင့် ဒေသများဖြစ်သည့်ကျောက်ဆည်နှင့် ပျော်ဘွယ်မြို့တို့တွင်လည်း ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။

ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် သေဆုံးသူများအား မီးရှို့သဂြိုလ်နေသည့် မီးသဂြိုလ်စက် အဆောက်အဦအက်သွား၍ သေဆုံးသူများအား စုပေါင်း၍ မြေမြုပ် သဂြိုလ်နေရသည်အထိအခြေအနေဆိုးရွားခဲ့သည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘေးသင့်သူများ၏မိသားစုဝင်များအား ရန်လိုသည့်ပုံစံမြင့်ဆက်ဆံနေကြောင်း မြို့ခံအချို့က ပြောသည်။

ပျော်ဘွယ်မြို့ခံတစ်ဦးက” စိတ်ဒဏ်ရာတွေရတယ်ဗျာ။ အချင်းချင်းပဲပြန်အားပေးနေရတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရန်သူတဲ့ဆက်ဆံရေးကတော့ မထူးဆန်းပေမယ့် ဒီအချိန်မှာ တော်တော်အဆင်ပြေဘူး”ဟု ပြောသည်။

ပျော်ဘွယ်မြို့တွင် မတ်လ ၃၀ရက်အထိ စာရင်းများအရ ငလျင်ကြောင့်သေဆုံးသူ ၁၆၀ခန့်ရှိကာ ၃၀၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ငလျင်သည် မတ်လ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၅၀မိနစ်က လှုပ်ရှားခဲ့ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်၌ အပျက်အစီးအလွန်များပြားခဲ့ပြီး သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ အဆောက်အအုံပြိုကျ၍ မိသားစုလိုက်သေဆုံးသူများလည်းရှိနေပြီး စိတ်ပိုင်းဆိုင်ရာဖေးမမှုများ လိုအပ်နေချိန်၌ စစ်ကောင်စီအုပ်စု၏ အပြုအမူများနှင့် ဆောင်ရွက်နေမှုများသည် လူသားမဆန်ကြောင်း ဘေးသင့်ဒေသမှ ဒေသခံအချို့က ပြောသည်။

ငလျင်ကြောင့်ထိခိုက်သေဆုံးမှုများရှိသည့်ဒေသများကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကြေညာထားသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အားစိုက်လုပ်ဆောင်ခြင်းမရှိဟု ဒေသခံများကဝေဖန်နေသည်။

ထို့အတူ နိုင်ငံတကာကပေးအပ်မည့် အထောက်အပံ့များသည် စစ်ကောင်စီထံမှတဆင့်ပေးအပ်ပါက စနစ်တကျခွဲဝေဖြန့်ဖြူးပေးလိမ့်မည်မယုံကြည်ကြောင်း ငလျင်ဘေးသင့်ပြည်သူအချို့က ပြောသည်။

(မန္တလေးမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောက်လှိုင်နှင့်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ – စကစ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။