Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရှိပြီး အကူအညီတွေ လိုအပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်ကြောင့် မတ္တရာမြို့ ထိခိုက်ပျက်စီးမှုအချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - Min Khant Ko Ko/FB

ဧပြီ ၁၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မတ္တရာမြို့ပေါ် နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေမှာ လူသေဆုံးမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌သိရပါတယ်။

“မတ္တရာမြို့ ပေါ်မှာလည်း သေတယ်။ မြွေရွာဘက်မှာလည်း သေတယ်။ လိုင်းမရတော့ သတင်းတွေ မထွက်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​သေဆုံးထိခိုက်မှု​တွေကို စာရင်း​ကောက်ယူ​နေဆဲလို့ သိရပြီး အချက်အလက်အ​သေးစိပ်​တော့ မရရှိ​သေးပါဘူး။

ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာကို ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကလည်း အတည်ပြုထားပြီး စာရင်း ကောက်ယူဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် နေအိမ်တွေ ပြိုကျပျက်စီးတွေလည်း ရှိနေပြီး အကူအညီတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

မတ္တရာမြို့ကို စစ်တပ်က စိုးမိုးထားပြီး မြွေရွာဟာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေဖြစ်ပါတယ်။

မတ္တရာမြို့နယ်နဲ့ ကပ်လျက်ဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ်မှာတော့ ငလျင်ဒဏ်ကြောင့် လူဦးရေ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက စကားပင်ကျေးရွာမှာ စစ်တပ်က ဒေသခံအမျိုးသား ၉ဦးကို ဖမ်းဆီးရိုက်နှက်ရာ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက စဉ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ မတ္တရာမြို့နယ် အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးခဲ့ပြီး အနည်းဆုံးပြည်သူ ၁၀ဦးထက်မနည်းသတ်ဖြတ်ခံရကာ ဖမ်းဆီးခံရတဲ့အထဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်းဦးမောင်ကို က သူလုပ်ခွင့်ရထားတဲ့ ဖယောင်းတောင်ရွှေလုပ်ကွက်ပြန်ရဖို့ ​စစ်​ကောင်စီကို လေယာဥ်ဆီဖိုးပါ​ပေး​ထား

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ပတ်လည်အင်းကျေးရွာကို စစ်တပ်က ဟောင်ဝစ်ဇာအ မြောက်နဲ့ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာတွေရခဲ့သလို ဒီနေ့လည်း စဥ့်ကူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။