Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအရှေ့ခြမ်းမှာ ဒေသခံ ၉ဦးကို စစ်တပ် ဖမ်းဆီးရိုက်နှက်လို့ တစ်ဦး သေဆုံး

စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက စကားပင်ကျေးရွာမှာ စစ်တပ်က ဒေသခံအမျိုးသား ၉ဦးကို ဖမ်းဆီးရိုက်နှက်ရာ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်းကို ပြန်ထိန်းချုပ်ပြီးနောက် တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ − စစ်ကောင်စီ

‌မတ်−၅၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက စကားပင်ကျေးရွာမှာ စစ်တပ်က ဒေသခံအမျိုးသား ၉ ဦးကို ဖမ်းဆီးရိုက်နှက်ရာ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်တလောမှာ စစ်တပ်က စကားပင်ကျေးရွာအဝင်၊ အထွက်ပိတ်ပြီး PDF က သတ်သယောင်သတင်းလွှင့်ထားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လည်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃ ရက်က စကားပင်ကျေးရွာမှာ ဒေသခံအမျိုးသား ၉ ဦးကို စစ်သားတွေက မြေပြင်ပေါ်ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်းလျားမှောက်ခိုင်းချိန်ပုံစံမကျလို့ဆိုပြီး ရိုက်နှက်စဉ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်က ကျေးရွာအဝင်၊အထွက်ပိတ်ကာ PDF ရဲဘော်တွေက စစ်တပ် ထောက်ခံသူတစ်ဦးကို သတ်ဖြတ်သလို သတင်းအမှားလွှင့်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးကို PDFက သတ်သလို သတင်းလွှင့်ထားတာ။တကယ်ကအုပ်ချုပ်ရေးမှူးမဟုတ်ဘူး။အဲဒီနယ်ဘက်တွေက အခုခွေးနယ် တွေဖြစ် နေပြီ။သေတာက စကစက လက်လွန်လို့ သေသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ နယ်မြေအများစုကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီးနောက် စစ်တပ်က ကျေးရွာ‌‌အများစုမှာ တပ်အထိုင်ချတာတွေ လုပ်ထားတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ကို၂၀၂၅ခုနှစ် ဩဂုတ်မှာစစ်တပ်က ထိုးစစ်ပြန်ဆင်ခဲ့ပြီးနောက် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေက နယ်မြေလက်လွှတ်လိုက်ရတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက စဉ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ မတ္တရာမြို့နယ် အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးခဲ့ပြီး အနည်းဆုံးပြည်သူ ၁၀ဦးထက်မနည်းသတ်ဖြတ်ခံရကာ ဖမ်းဆီးခံရတဲ့အထဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်းဦးမောင်ကို က သူလုပ်ခွင့်ရထားတဲ့ ဖယောင်းတောင်ရွှေလုပ်ကွက်ပြန်ရဖို့ ​စစ်​ကောင်စီကို လေယာဥ်ဆီဖိုးပါ​ပေး​ထား

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ပတ်လည်အင်းကျေးရွာကို စစ်တပ်က ဟောင်ဝစ်ဇာအ မြောက်နဲ့ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာတွေရခဲ့သလို ဒီနေ့လည်း စဥ့်ကူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။