Connect with us

Hi, what are you looking for?

သတင်း

မိုးရွာလို့ အမရပူရက ငလျင်ရှောင်စခန်းတွေ ရေမြုပ်

မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မန္တလေးမြို့၊အမရပူရမြို့နယ်က ငလျင်ဘေးရှောင်စခန်းတွေမှာ ရေတွေဝင်ရောက်လာပြီး ငလျင်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့အခက်အခဲတွေ တွေ့နေပါတယ်။

ရေမြုပ်နေသော ငလျင်ရှောင်ယာယီတဲများအား တွေ့ရစဥ်။ Photo -Scorpio

ဧပြီ ၆၊ ၂၀၂၅၊ Scorpio/People’s Spring

မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မန္တလေးမြို့၊အမရပူရမြို့နယ်က ငလျင်ဘေးရှောင်စခန်းတွေမှာ ရေတွေဝင်ရောက်လာပြီး ငလျင်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့အခက်အခဲတွေ တွေ့နေပါတယ်။

မနေ့က ဧပြီ ၅ ရက်ညပိုင်းနဲ့ ဒီမနက် ဧပြီ ၆ ရက် မနက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အမရပူရမြို့နယ်ထဲမှာရှိတဲ့ ငလျင်ဘေးရှောင်စခန်းတွေ မိုးရေတွေအများအပြား ဝင်ရောက်လာခဲ့ပါတယ်။ မိုးရေတွေကြောင့် ငလျင်ဘေးဒုက္ခသည်များ နေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

“ရေတွေက တဲတွေထဲအကုန်ဝင်နေတာ။ နေလို့မရတော့ဘူး။ အိမ်ကလည်းပြန်နေလို့မရသေးဘူး။”လို့ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားငလျင်ရှောင်စခန်းတချို့မှာလည်း မိုးရေတွေကြောင့် ယာယီတဲများနစ်မြုပ်နေတဲ့အတွက် ရေစုပ်စက်တွေနဲ့ ကိုယ်ထူကိုယ်ထ ရေထုတ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မနေ့ညကလည်း ငလျင်ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ တံတားဦးဒေသတွေမှာ မိုးရော၊လေပါ သည်းထန်ခဲ့တာကြောင့် ငလျင်ရှောင်ပြည်သူများ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။