Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းတွင် စစ်ရေးဆက်လက်တင်းမာ၊ စစ်​ကောင်စီက​လေးမျက်နှာမြို့နယ်၌လေ​ကြောင်းတိုက်ခိုက်

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။

ဧပြီ-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာကို စစ်ကောင်စီက ဧပြီလ ၁၀ရက် ညနေ ၄ နာရီခန့်တွင်လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

အာရက္ခတပ်တော်AAက စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းမှလာရောက်တိုက်ခိုက်ခြင်းဟု လေးမျက်နှာမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ချင်းလယ်ရွာအနီး ရိုးမတောင်ကြောတွင် ပြီးခဲ့သည့်မတ်လမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများမကြာ

ခဏပြုလုပ်နေသည်။ ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်းဟု မြို့ခံများကပြောသည်။

ထို့အပြင်လေးမျက်နှာ နှင့် ကွင်‌ကောက်မြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြော၌ ပြီးခဲ့သည် မတ်လ ၂၇ ရက်အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး မတ်လ ၂၈ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကအပစ်ရပ်လိုက်ခြင်းနှင့်အတူ တိုက်ပွဲအရှိန်လျော့သွားခဲ့သည်။ သို့သော်စစ်ကောင်စီက အပစ်ရပ်စာချုပ်ကိုဆက်လက်ချိုးဖောက်နေကြောင်း AAက ဧပြီလ ၅ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

လေးမျက်နှာမြို့နယ်နှင့်ဆက်စပ်နေသောကျုံပျော် မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဧပြီလ၁၀ရက်နေ့လယ်ပိုင်း၌ ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်။

ကျုံပျော် မြို့နယ်ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူးကို လူတချို့က အိမ်ပေါ်တက်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။ ပစ်ခတ်သူများနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲခုခံနေသလိုလက်နက်ကြီးပစ်ခတ်သံတွေကိုလည်း အနီးပတ်ဝန်းကျင်မြို့တွေကနေကြားနေရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။