Connect with us

Hi, what are you looking for?

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းအောင်ပွဲ NUG ကာကွယ်ရေးနှင့် ချင်းပြည်ကောင်စီ ဂုဏ်ပြု

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်ကောင်စီတို့က ထုတ်ပြန်သည်။

ဖလမ်းမြို့အား သိမ်းပိုက်အပြီး အောင်ပွဲခံနေသော ချင်းညီနောင်ပူးပေါင်းအဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - CJ

ဧပြီ၁၁၊၂၀၁၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်ကောင်စီတို့က ထုတ်ပြန်သည်။

ဖလမ်းအခြေစိုက် ခလရ(၂၆၈)တပ်ရင်း စစ်ကောင်စီတပ်စခန်းအား ချင်းညီနောင်က ဧပြီ ၇ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ သိမ်းပိုက်နိုင်မှုအပေါ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အသက်ပေးလှူသွားကြသည့် တော်လှန်ရေးရဲဘော်များအား ဦးညွှတ်ကြောင်း ဖော်ပြကာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားကြသည့် ရဲဘော်များ၏ ပေးဆပ်မှုအပေါ် ဂုဏ်ယူလေးစားကြောင်း ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းပြည်နှင့်ချင်းအမျိုးသား တည်ဆောက်ရေးတို့အတွက် ချင်းပြည်သူများ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီက ကြေညာခဲ့သည်။

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး (CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ စုဖွဲ့ထားခြင်းဖြစ်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ချင်းညီနောင်နှင့် ချင်းအမျိုးသားပြန်လည်ပေါင်းစည်းရေး သဘောတူညီချက် ရယူထားသည့် ချင်းတော်လှန်ရေး အင်အားစုဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဖလမ်းမြို့သိမ်းအောင်ပွဲအတွက် ဂုဏ်ပြုသဝဏ်လွှာကို ဧပြီ ၈ရက်ကတည်းက ပေးပို့ထားရာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲများအတွင်း အသက်နှင့် ခန္ဓာပေးဆပ်ခဲ့သည့် သူရဲကောင်းများအတွက်လည်း လေးစား ဦးညွှတ်ကြောင်း ဖော်ပြသည်။

ချင်းညီနောင်များအနေဖြင့် ပြည်ထောင်စုတဝှမ်းရှိ တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်းNUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက CNF အပါအဝင် တော်လှန်ရေးအဖွဲ့များ၏ ဂုဏ်ပြုမှုကို ကြိုဆိုကြောင်းနှင့်မြေပြင်၌ အမှန်တကယ် လက်တွဲလုပ်ဆောင်နိုင်ရန် အရေးကြီးကြောင်း ပြောပြသည်။

ချင်းပြည်အမြန်ဆုံးလွတ်မြောက်ရေး ကျန်နေသည့် စစ်ကောင်စီတပ်များမြို့များ သိမ်းနိုင်ရေး ချင်းညီနောင်အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆလိုင်းတီမီက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

သတင်း

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။