Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရဲ့ဆွန်ခရန်ပွဲတော်ပထမဆုံးနေ့မှာ ယာဉ်မတော်တဆမှုတွေကြောင့် ၂၇ ဦးသေ

ဆွန်ခရန်ပွဲတော်ခရီးသွားပွဲတော်ကာလသတ်မှတ်ရက်ရဲ့ ပထမဆုံးနေ့မှာ ထိုင်းနိုင်ငံအနှံ့ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ထိုင်းနိုင်ငံဘန်​ကောက်မြို့ ၊​ခေါက်ဆန်လမ်းမှာ ဧပြီ ၁၂ ရက်​နေ့က​ရေကစား​နေသူများ။ ဓါတ်ပုံ-Khaosod English

ဧပြီ-၁၃၊၂၀၂၅။People’s Sprin

ဆွန်ခရန်ပွဲတော်ခရီးသွားပွဲတော်ကာလသတ်မှတ်ရက်ရဲ့ ပထမဆုံးနေ့မှာ ထိုင်းနိုင်ငံအနှံ့ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆွန်ခရန် ပွဲတော်ရဲ့ ခရီးသွားကာလကို ၇ ရက်ကြာ သတ်မှတ်ထားပြီး ပထမဆုံးနေ့ဖြစ်တဲ့ဧပြီ၁၁ ရက်နေ့မှာ အခုလို ထိခိုက်သေဆုံးမှု စာရင်းမျိုးရှိခဲ့တာလို့ထိုင်းအာဏာပိုင်တွေကဧပြီ ၁၂ ရက်နေ့မှာ ပြောပါတယ်။

ဧပြီ ၁၁ ရက်နေ့တုန်းကစုစုပေါင်းယာဉ်မတော်တဆမှု ၂၁၁ ခုထိ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရဲ့ အဝေးပြေးလမ်း လုံခြုံရေး ကွပ်ကဲမှုစင်တာက ပြောပါတယ်။ အဲဒီနေ့မှာ ထိုင်းနိုင်ငံအနှံ့ ဆွန်ခရန်ပွဲတော် ပိတ်ရက်အတွက် ခရီးသွားလာမှုတွေ များပြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မနှစ်က ဧပြီ ၁၁ ရက်နေ့ အခြေအနေနဲ့ ယှဉ်ရင်တော့ဒီနှစ်မှာ သေဆုံးမှုရော၊ ဒဏ်ရာရမှုပါ နည်းသွားတယ်လို့ဆိုပါတယ်။၂၀၂၄ ဧပြီ ၁၁ ရက်နေ့မှာတော့ ယာဉ်မတော်တဆမှု ၂၄၁ ခု ဖြစ်ခဲ့ပြီး ၂၉ ဦးသေ၊ ၂၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားတဲ့ အကြောင်းရင်းမှာ သတ်မှတ်နှုန်းထက် ပိုမောင်းတာက ၄၁ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေပြီး တခြားယာဉ်ရဲ့ ရှေ့ကို ရုတ်တရက် ချိုးဝင်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပွားတဲ့ယာဉ်တိုက်မှုက၂၃ရာခိုင်နှုန်းရှိပါတယ်။

မုခ်ဒါဟန်ဟာတစ်ရက်တာယာဉ်မတော်တဆမှု အများဆုံးနေရာအဖြစ်စုစုပေါင်း ၁၁ ကြိမ်ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့ပါတယ်။ အသေအပျောက်အများဆုံးနေရာကတော့မြို့တော်ဘန်ကောက်ဖြစ်ပြီး ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ယာဉ်တိုက်မှုအားလုံးရဲ့ ၈၄ ရာခိုင်နှုန်းမှာမော်တော်ဆိုင်ကယ်တွေ ပါဝင်ပတ်သက်နေပြီး ပစ်ကပ်ကားတွေနဲ့ ဆီဒင်ကားတွေ ပါဝင်တဲ့ ယာဉ်တိုက်မှုက ၅ ရာခိုင်နှုန်းစီ အသီးသီး ရှိပါတယ်။ယာဉ်တိုက်မှု အားလုံးရဲ့ထက်ဝက်နီးပါးဟာအဓိကလမ်းမကြီးတွေပေါ်မှာ ဖြစ်ခဲ့ပြီး အထူးသဖြင့် မွန်းလွဲ ၃ နာရီကနေ ညနေ ၆ နာရီကြားမှာ အများဆုံး ကြုံခဲ့တယ်လို့ သိရပါတယ်။

ယာဉ်စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာလှုပ်ရှားနေတဲ့ အရာရှိတွေဟာ ဧပြီ ၁၁ ရက်နေ့မှာ အရက်မူးနေတဲ့ ယာဉ်မောင်း ၂၇၆ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဒါဟာ အဲဒီ တစ်ရက်တာအတွက် ယာဉ်စည်းကမ်း ဖောက်ဖျက်လို့ ဖမ်းဆီးခံရသူတွေ စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ ညီမျှကြောင်း သိရပါတယ်။မူးယစ်ဆေးသုံးပြီး ယာဉ်မောင်းလို့ အဖမ်းခံရသူကတော့ ၄၇ ဦး ရှိခဲ့ပါတယ်။

ဆွန်ခရန် ပွဲတော်ဟာ ဧပြီ ၁၃၊ ၁၄ နဲ့ ၁၅ ရက်တွေမှာ နှစ်စဉ် ကျင်းပပေမယ့် အစားထိုး ပိတ်ရက်တွေကိုပါ ထည့်ပေါင်းလိုက်တဲ့အခါ ဧပြီ ၁၆ ရက်နေ့ထိ ၅ ရက်ဆက်တိုက် ရုံးပိတ်ရက် ပွဲတော်ကာလ ဖြစ်လာပါတယ်။ ထိုင်းအစိုးရဟာ ဆွန်ခရန် ပွဲတော်အတွက် သတ်မှတ်ထားတဲ့ ၇ ရက်တာ ခရီးသွား ကာလအတွင်း နေ့စဉ် ယာဉ်မတော်တဆမှု စာရင်းတွေကို နှစ်အလိုက် စုစည်းကောက်ယူလေ့ရှိတယ်လို့လည်း သိရပါတယ်။

၂၀၂၄ ထိုင်း​ရေကစားပွဲ​တော်မှာတုန်းက ယာဥ်တိုက်မှု​တွေ​ကြောင့် ပြည်သူ ၂၄၃ ဦး​သေဆုံးပြီး​တော့ ၊ ၁၈၃၇ ဦးဒဏ်ရာရခဲ့ပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး သစ်ပင်ကိုဝင်တိုက်လို့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ဦး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆောင်းပါး

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

Facebook