Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ရခဲ့တဲ့ ရောင်နီပွဲ

အမေရိကန်နိုင်ငံမှာ ပထမဆုံး‌ပြုလုပ်တဲ့ တော်လှန်အနုပညာရှင် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Maryland Music Concert

ဧပြီ၁၃၊၂၀၂၅။ဆဏ်း/People’s Spring

အမေရိကန်နိုင်ငံမှာ ပထမဆုံး‌ပြုလုပ်တဲ့ တော်လှန်အနုပညာရှင် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

ရောင်နီ ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံရဲ့ မြို့တွေမှာ ဆက်တိုက်ပြုလုက်မှာဖြစ်ပြီ ပထမဆုံးဖျော်ဖြေပွဲကိုတော့ Maryland မှာ ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့တာပါ။

“အကြမ်းဖက်စစ်ကောင်စီနဲ့ မကင်းမကင်းမရှင်းမရှင်း ရှိသူများ သွေးသားတော်စပ်သူများ မကင်းရာမကင်းကြောင်းရှိသူများရှိရင် ဒီရှိုးပွဲကနေ ထွက်သွားပေးဖို့တောင်းဆိုပါတယ်” လို့ လင်းလင်းက‌ ဖျော်ဖြေပွဲမစခင်မှ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖျော်ဖြေပွဲမှာ လင်းလင်းနဲ့ချစ်သုဝေတို့နဲ့အတူ သမီးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ တင်ဆက်မှုအစီအစဉ်လည်း ပါဝင်ခဲ့တယ်လို့ ပွဲကြည့်သူတွေက ပြန်လည်မျှဝေထားကြပါတယ်။

ခေတ်က ချစ်သုဝေသီဆိုတဲ့ သီချင်းနှစ်ပုဒ်အတွက် စန္ဒယားကိုယ်တိုင်တီးပေးခဲ့သလို သစ်ကလည်းသူကိုယ်တိုင်ရေးထားတဲ့ ကဗျာကိုရွတ်ဆိုပြခဲ့တာပါ။

လင်းလင်းနဲ့ ချစ်သု‌ဝေတို့က နွေဦးတော်လှန်ရေးရဲ့ အထင်ကရသီချင်းတစ်ပုဒ်ဖြစ်တဲ့ ကြယ်သီချင်းကိုလည်း ပရိသတ်တွေနဲ့အတူ တင်ဆက်ခဲ့ပါသေးတယ်။

ဒီပွဲကို လင်းလင်းက သူနဲ့လက်တွဲခဲ့တဲ့ ညီအစ်ကိုတွေ‌ကို Zoom နဲ့ ခေါ်ပြီး ပရိုဂျက်တာနဲ့ပြကာ ပရိသတ်တွေနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။

“Maryland မှာကျင်းပခဲ့တဲ့ ကိုလင်းနဲ့သမီးထရီဆာတို့ရဲ့”ရောင်နီ”ပွဲကို ရဲဘော်တွေနဲ့အတူ Live

ကြည့်ခွင့်ရခဲ့တယ်။တက်ရောက်လာတဲ့ အားကိုးရလွန်းတဲ့ သွေးမအေးတဲ့ အမေရိကန်မှာရောက်ရှိနေတဲ့ မောင်နှမတွေနဲ့ စကားပြောခွင့်ရခဲ့တယ်။ကျနော်တို့ မြေပြင်ရဲဘော်တွေ ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် သူတို့အားရှိသ၍ အစွမ်းရှိသ၍ ကြိုးစားပေးနေကြတယ်။တစ်နေ့မှာ ပျော်ရွှင်စွာ ပြန်ဆုံကြမယ်မောင်နှမတွေရေချစ်တယ်ဗျာ” လို့ ဦးကျော်သက်လင်းရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့က ဒီဖျော်ဖြေပွဲတွေကို အနုပညာကြေးမယူပဲ ဖျော်ဖြေပေးနေတာဖြစ်ပြီး ပွဲတွေကရလာတဲ့ ငွေတွေကို တော်လှန်မိသားစုတွေရဲ့ပြန်လည်ထူထောင်ရေး ၊ ‌မြေပြင်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပညာရေး စရိတ်ပို့ဆောင်ခြင်း နဲ့ တောင်ပေါ်တောင်အောက်ဒေသအနှံ့က တန်းတူလူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အသုံးပြုသွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။