Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင် သားနှင့်သမီး တင်သွင်းသည့်ကားများအပါအဝင် EVကားများ အခွန်ကင်းလွတ်ခွင့် တစ်နှစ်ထပ်တိုး

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားနှင့်သမီး တင်သွင်းနေသည့် ကားများအပါအဝင် လျှပ်စစ် ကား(EV)အားလုံး အကောက်ခွန် ကင်းလွတ်ခွင့် တစ်နှစ်ထပ်မံသက်တမ်းတိုးပေးကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၌ ၂၀၂၃အောက်တိုဘာ ၅ ရက်က လျှပ်စစ်ကား (EV)မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၅၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားနှင့်သမီး တင်သွင်းနေသည့် ကားများအပါအဝင် လျှပ်စစ် ကား(EV)အားလုံး အကောက်ခွန် ကင်းလွတ်ခွင့် တစ်နှစ်ထပ်မံသက်တမ်းတိုးပေးကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံသည် BYD EV အမှတ်တံဆိပ်နှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်သည် MG EV အမှတ်တံဆိပ်တို့ဖြင့် လျှပ်စစ်ကားတင်သွင်းနေခြင်းဖြစ်သည်။

လျှပ်စစ်(EV)ကားတင်သွင်းမှုကို စစ်ကောင်စီသည် ၂၀၂၂ကတည်းက အထူးကုန်စည်အဖြစ်သတ်မှတ်ကာ အခွန်အကောက်ကင်းလွတ်ခွင့်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် EV ယာဥ်များအားလုံးနှင့် အပိုပစ္စည်းတင်သွင်းမှုကို အကောက်ခွန်သုည ရာခိုင်နှုန်း ဖြစ်ကြောင်း တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၂၀၂၂-၂၀၂၃ကစပြီး တစ်နှစ်ပြီးတစ်နှစ် အခွန် ကင်းလွတ်ခွင့် သက်တမ်းတိုး​ပေး​နေခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ရက်အထိ ဘက် ထရီလျှပ်စစ်သုံး သုံးဘီးတပ်ယာဉ်၊ နှစ်ဘီးတပ် ယာဉ်များအပါအဝင် ဘက်ထရီလျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဘက်ထရီ အားသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဘက်ထရီလျှပ်စစ်ကားအတွက် အထူးကုန်စည်ခွန်များအဖြစ် အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၅ မတ်လ ၃၁ရက်အထိ လျှပ်စစ်သုံး ယာဥ်အားလုံးနှင့် အပို ပစ္စည်းများကို အကောက်ခွန်သုညရာခိုင်နှုန်းဖြင့် အစားထိုးပြင်ဆင်ခဲ့သည်။

ပြည်ပမှ CBU စနစ်(ယာဥ်အလုံးလိုက်တင်သွင်းခြင်း)၊CKD နှင့် SKD စနစ် (မြန်မာနိုင်ငံ၌ အပြီးအစီးတပ်ဆင်ထုတ်လုပ်သည့် ယာဥ်များ) ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) အမျိုးအစားများ နှင့် ဆက်စပ်ပစ္စည်းများနှင့်အပိုပစ္စည်းများအတွက် အကောက်ခွန်နှုန်းများကို သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်သည်ဟု ဆိုသည်။

“မော်တော်ယာဥ်အကောက်ခွန်အတွက် နှစ်အလိုက်ထုတ်ပြန်ချက်မျိုးမှာ ဖအေလုပ်သူက သား၊သမီး တွေအတွက် ထပ်ပြီးတော့ ပရိုမိုရှင်းဆင်းပေးတာပေါ့။ပြည်တွင်ထုတ် EV တွေ စျေးကွက်ထဲ ပိုဝင်လာဖို့ တွေ့ရတယ်။လက်ရှိစျေးကွက်ထဲလည်း EV ကတွေ စျေးကျချက်က မြင်မကောင်းဘူး။ကျပြီးရင်း ထပ်ကျဖို့ မြင်တယ်”ဟု မော်တော်ယာဥ် ဝယ်ရောင်းပြုလုပ်နေ သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မြို့ကြီးများ၌ပင် အချိန်ခွဲ မီးပေးနေရသည့် နိုင်ငံ၏ ပကတိအခြေအနေတွင် EVကားများ ဖွံ့ဖြိုးတိုး တက်ရေးဆိုကာ စစ်ကောင်စီ၏ လုပ်ဆောင်ချက်ကိုနားလည်ရခက်ကြောင်းလည်း မြန်မာနိုင်ငံ မော်တော်ယာဥ်အသင်းဝင်တစ်ဦးက အသိပေးသည်။

“ဆန် မရှိဘဲ ထမင်းချက်ချင်တာ။EV က ဘယ်လောက်ကောင်းပါတယ်ပြောပြော ဒီနိုင်ငံနဲ့ ဘယ်လိုမှ အဆင်မပြေသေးဘူး။နောက်ပြီး ဒီလို အခွန်သုည ဖြစ်နေတဲ့ EV ကားတွေကို အမြတ်နှစ်ဆ တင်ပြီး ရောင်းနေတာတွေလဲ ထိန်းပါဦး “ဟု ၎င်းက စစ်ကောင်စီ၏ လျှပ်စစ်ယာဥ်ဖွံ့ဖြိုးရေးလုပ်ဆောင်နေမှုကို ထောက်ပြသည်။

အကောက်ခွန်သုညရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်သောSKD၊ CKD စနစ်ဖြင့် တင်သွင်းသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၅ ဧပြီ ၁ ရက်မှ ၂၀၂၆ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်မည်ဟု စစ်ကောင်စီက ဖော်ပြသည်။

လျှပ်စစ်သုံး EV ယာဉ်များအတွက် လမ်း၊တံတား အသုံးပြုခကို ယခုနှစ် ဧပြီ ၁ ရက်မှစတင်ပြီး ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့သည့်အပြင် ဘီးခွန်၊ မြို့ဝင်ကြေး၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန် အစရှိသည့် အခွန်အခများကိုလည်း ကင်းလွတ်ခွင့် ပြုခဲ့သည်

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်မှာရှိတဲ့ လျှပ်စစ်ကား (EV) သုံးသန်းလောက်ရဲ့ တံခါးလက်ကိုင်တွေ ပြန်လဲတပ်ပေးဖို့ အမေရိကန် EVကုမ္ပဏီ Teslaက စီစဉ်နေပါတယ်။