ဧပြီ-၁၅၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၅)မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက “ရွှေရေကြည်သံကြပ်အဖွဲ့” ဖွဲ့ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း သံချပ်သီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။

Public Service Announcement
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှာလည်း “ပိတောက်တွေနီစေ သင်္ကြန်မြေ DDMSC သံချပ်အဖွဲ့”က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သံချပ်နဲ့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။
