Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းတွင်ပျူအားကောင်းသည့်ရွာကို ပကဖတိုက်ခိုက် ၊ပျူခေါင်းဆောင်သေပြီး သေနတ် ၁၀ လက်ရ

တနင်္သာရီမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးအဖွဲ့အထိုင်ချနေရာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူခေါင်း ဆောင်သေဆုံးသွားကြောင်း တနင်္သာရီမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတာဝန်ခံက ပြောသည်။

တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-တနင်္သာရီမြို့ နယ်ပကဖ

ဧပြီ၁၇၊၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးအဖွဲ့အထိုင်ချနေရာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူခေါင်း ဆောင်သေဆုံးသွားကြောင်း တနင်္သာရီမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတာဝန်ခံက ပြောသည်။

ဧပြီ ၁၆ ရက်နေ့နံနက်၃နာရီခန့်ကဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက်၊ ရွှေဂဲညိုရွာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့အား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူခေါင်းဆောင် ဌေးဝင်းဆိုသူ သေ ဆုံးသွားကြောင်း ၎င်းက ပြောသည်။

“စခန်းဆိုတာထက် ပျူတွေအခြေစိုက်တဲ့ရွာလို့ပြောရင် ပိုမှန်တယ်။ တိုက်ပွဲချိန်က နာရီ ဝက်လောက်ပဲ။ (ပျူအင်အား)နှစ်ရွာပေါင်းထားတာ။ တောင်ငယ်ရွာနဲ့ ရွှေဂဲညိုရွာ”ဟု တနင်္သာရီမြို့နယ် ပကဖဒုတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း ပျူစောထီးခေါင်းဆောင် သေဆုံးသည့်အပြင် သေနတ်(၁၀)လက်ရရှိခဲ့သည်။ AK အမျိုးအစား(၅)လက်၊ ကာဘိုင်(၁) လက်၊ M-16 (၃)လက်၊ 79 (၁)လက် နှင့် 40 မ မဗုံးသီး ၅ လုံး၊ M-16 ကျည်(၂၀)ထောင့်နှင့် ကျည်ဘောက်(၂)ခု၊ ကာပိုင်ကျည်(၇)ထောင့်၊ အီကွေးမင်း(၁)စုံ၊ စကားပြောစက်(၁)လုံးအ ပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ မှ အသိ ပေးသည်။

အထက်ပါ ရွှေဂဲညိုရွာ ပျူစောထီးအထိုင်ချနေရာအား တိုက်ခိုက်မှုတွင် ပျူစောထီးအချို့ဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားသူ များရှိပြီး ပကဖ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ် ရာရခဲ့ကြောင်း အဖွဲ့ဒုတာဝန်ခံက အတည်ပြုပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။