Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီး ကူညီလှူဒါန်း

ဧပြီ-၁၇၊၂၀၂၅။People’s Spring

ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီးကလည်း ပါဝင်ကူညီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာ ပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီး ရက်ရောတဲ့ အကူအညီမျိုး ပေးချင်တာ ဖြစ်တယ်လို့ Dicastery for Promoting Integral Human Development and the Dicastery for the Service of Charity အသင်းက ဧပြီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနှလုံးလှရန်ပုံငွေအလှူအဖွဲ့အစည်းက ပုပ်ရဟန်းမင်းကြီးဟာ သူတို့ကို ဆက်သွယ်ပြီး မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ထည့်ဝင်လှူဒါန်းဖို့ ဆန္ဒရှိတာဖြစ်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုပ်ရဟန်းမင်းကြီး စံမြန်းတဲ့ ဗာတီကန် နန်းတော်ကရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထွဋ်အခေါင်ပုဂ္ဂိုလ်ကြီးဆီက ထည့်ဝင်လှူဒါန်းမှု ပမာဏ အတိအကျကို​တော့မကြေညာခဲ့ပါဘူး။

အခုလို ကူညီလှူဒါန်းမှုဟာ ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တစ်သားတည်း နီးကပ်စွာ ရှိနေတယ် ဆိုတာကို ပြသဖို့၊ ကမ္ဘာတလွှားကခရစ်ယာန်ဘုရားကျောင်းတွေဆီကရောက်ရှိလာတဲ့ များပြားတဲ့ ထောက်ပံ့လှူဒါန်းမှုတွေထဲမှာ အားဖြည့်ပါဝင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဗာတီကန် ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ခရစ်ယာန်တွေနဲ့ တခြားသော နိုင်ငံတကာ ဘာသာရေး အသင်းအဖွဲ့ အသီးသီးဟာ ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အကူအညီတွေ ပေးပို့နေပေမယ့် တစ်ဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင်ဘာသာရေး အဆောက်အအုံတွေကိုပါ မချန်ဘဲ ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးဘေးအတွက် လူသားချင်းစာနာမှုအကူအညီများသည် နိုင်ငံရေးနှင့်စစ်လက်နက်အတွက် အသုံးပြုမှုမဖြစ်စေရန် WOA (Weaponization Of Aid)ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးကြရန် သွေးစွန်းငွေ အဖွဲ့က တိုက်တွန်းထားသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

အတွေးအမြင်

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါလို့ ကုလသမဂ္ဂရုံးက အသိပေးထားတယ်။

Facebook