Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘယ်စစ်ပွဲကိုမှ ဘုရားသခင်က ကောင်းချီးမပေးဘူးလို့ ပုပ်ရဟန်းမင်းကြီးဆို

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဧပြီ ၁၀ ရက်နေ့တုန်းက Xမှာ ပုပ်ရဟန်းမင်းကြီး လီယို ရေးသားထားတဲ့ ပို့စ်မှာ ဘယ်သူ့ကို ရည်ညွှန်းသလဲဆိုတာ နာမည် တပ်မထားခဲ့ပါဘူး။ ဒါပေမဲ့ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ ခရစ်ယာန် ဘာသာရေးနဲ့ ဘုရားသခင်အတွက် ဆိုတာမျိုး ရည်ညွှန်း သုံးနှုန်းခဲ့တဲ့ အမေရိကန် အစိုးရ အရာရှိ တချို့ကို တုံ့ပြန်ထားတာလို့ ယူဆရပါတယ်။

ဘုရားသခင်ဟာ ဘယ်စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးကြောင်း၊ ငြိမ်းချမ်းရေး မင်းသားလို့ ဆိုနိုင်တဲ့ ခရစ်တော်ရဲ့ နောက်လိုက်သာဝက မှန်သမျှဟာ အတိတ်မှာ ဓားတရမ်းရမ်း လုပ်နေပြီး မျက်မှောက်ခေတ်မှာ ဗုံးတွေ ကြဲချနေတဲ့ လူပုဂ္ဂိုလ်တွေဖက်က ရပ်တည်မှာ မဟုတ်ကြောင်း ပထမဆုံး အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးက ရေးသားထားခဲ့ပါတယ်။

စစ်ရေး ဆောင်ရွက်မှုတွေဟာ ငြိမ်းချမ်းရေးအတွက် အချိန်နဲ့ နေရာကို ဖန်တီးပေးနိုင်မှာ မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေး ဆိုတာဟာ လူသားတွေကြားမှာ အတူယှဉ်တွဲ နေထိုင်ပြီး ဆွေးနွေးမှုတွေကို စိတ်ရှည်ရှည်နဲ့ မြှင့်တင်ပေးခြင်းကနေသာ ထွက်ပေါ်လာနိုင်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ အစိုးရဟာ အီရန်မှာ လုပ်ဆောင်ခဲ့တဲ့ Epic Fury စစ်ဆင်ရေးနဲ့ ပတ်သက်ရင် ဘုရားသခင်ကို တိုင်တည် ရည်ညွှန်းတဲ့ စကားမျိုးတွေ မကြာခဏ ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အီရန်နဲ့ ပဋိပက္ခကို ဘာသာရေး အသုံးအနှုန်းတွေနဲ့ ပုံဖော်ပြီး ဂျီးဆက်စ် ခရစ်တော်ရဲ့ နာမတော်အရ ဆင်နွှဲတဲ့ မြင့်မြတ်တဲ့ စစ်ပွဲတစ်ခုလို့ ပုံဖော်လေ့ ရှိပါတယ်။

ထရမ့်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အီရန်စစ်ပွဲကို ဘုရားသခင်က ကျိန်းသေပေါက် အားပေး ထောက်ခံမယ်လို့ သူယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။