Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်ကောင်စီသိမ်းပိုက်ထားသည့် တွန်းဇံမြို့ကို စစ်ကောင်စီလက်အောက်ခံ ZRA တပ်က နှစ်ရက်ဆက် လာရောက်တိုက်ခိုက်

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဇိုမီးတပ်(ZRA)က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇိုမီးတပ်(ZRA)၏ အမှတ်တံဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ − VOC

ဧပြီ ၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဇိုမီးတပ်(ZRA)က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဧပြီလဆန်းတွင် တွန်းဇံမြို့ကို လာရောက်တိုက်ခိုက်ခဲ့သည့် ZRAတပ်က ဧပြီ ၂၀ရက်နှင့် ယနေ့ (ဧပြီ ၂၁ရက်)တွင်လည်း ထပ်မံပစ်ခတ်တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“တွန်းဇံမြို့တွင်းကို ဝင်လာပြီး လာတိုက်တာပါ။ ပြန်ဆုတ်သွားကြတယ်။ သူတို့ ၄ယောက်ကျပြီး ၆ယောက် ဒဏ်ရာရတယ်။ အလောင်း နှစ်လောင်းကို အိန္ဒိယ မဏိပူရ်ဘက်ကို ပြန်သယ်သွားတယ်လို့ သိရတယ်”ဟု ဆလိုင်းထက်နီက ဧပြီ ၂၀ရက် တိုက်ပွဲအခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ဧပြီ ၂၁ရက်တွင် ZRA က အဝေးမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်ပြန်ဆုတ်သွားကြောင်း ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ZRA ကို လက်နက်တပ်ဆင်ပေးပြီး တွန်းဇံကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောထားသည်။

ZRA အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ် ဝမ်းနည်းကြောင်း ဆလိုင်းထက်နီက ပြောကြားပြီး ထပ်မံ၍ လာရောက်နှောက်ယှက်တိုက်ခိုက်ခြင်းများ မပြုလုပ်စေလိုဟု တိုက်တွန်းပြောကြားသည်။

တွန်းဇံမြို့ကို CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်များ ပူးပေါင်းထားသည့် ချင်းပြည်ကောင်စီတပ်များက ၂၀၂၄ မေလတွင် တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ People Defense Army (PDA)ရဲ့ တပ်စခန်းကို စစ်ကောင်စီတပ် လက်​အောက်ခံ ဇိုမီးတပ်(ZRA)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်တွေ သိမ်းရသွားတယ်လို့ ချင်းဒေသ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ကူတိုက်ပေးနေတဲ့ ဇိုမီးတော်လှန်ရေးတပ်(ZRA) ခေါင်းဆောင်အချို့ဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ချင်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းတောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်တပ်များ စုပေါင်းခုခံနေသည်ဟု ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF စီးယင်းစစ်ဦးစီးချုပ် ဦးထောင်းပူက ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ဇိုမီးတပ်ဖွဲ့ (ZRA)က စစ်ရေးလှုပ်ရှားမှုများရှိနေ၍ တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။