Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၉၅ မြို့

MNDAA နဲ့ မဟာမိတ်တပ်​တွေ ၂၀၂၄ သြဂုတ်လ ၃ ရက်​နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာလားရှိုး မြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှု​ကြောင့်MNDAA ကစစ်​ကောင်စီကို ပြန်လွှဲ​ပေးရပြီး ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ထဲကို စစ်​ကောင်စီတပ်ယာဥ်တန်း​တွေပြန်လည်ဝင်​ရောက်နိုင်ခဲ့ပါတယ်။

ဧပြီ ၂၂ ၊၂၀၂၅။နေ့သစ်၊People’s Spring

MNDAA နဲ့ မဟာမိတ်တပ်​တွေ ၂၀၂၄ သြဂုတ်လ ၃ ရက်​နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာလားရှိုး မြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှု​ကြောင့်MNDAA ကစစ်​ကောင်စီကို ပြန်လွှဲ​ပေးရပြီး ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ထဲကို စစ်​ကောင်စီတပ်ယာဥ်တန်း​တွေပြန်လည်ဝင်​ရောက်နိုင်ခဲ့ပါတယ်။

တရုတ်အစိုးရ ၊MNDAA ၊ စစ်​ကောင်စီတို့ကြားသ​​ဘောတူညီချက်ကို မသိရ​သေး​ပေမယ့် တရုတ်အစိုးရရဲ့ဖိအား​ပေးမှုကြာင့် MNDAA ဟာကျည်တစ်ချက်မ​ဖောက်ရပဲ မြို့ကိုပြန်လွှဲ​ပေး​နေရတာဖြစ်ပါတယ်။၁၀၂၇စစ်ဆင်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေက ရှမ်းပြည်နယ်​မြောက်ပိုင်းမှာပဲ မြို့​ပေါင်း ၂၄ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့တာမှာ စစ်​ကောင်စီတပ်က တစ်မြို့မှတိုက်ပြီး ပြန်မသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလာရှိုးမြို့ကို​တော့တရုတ်အကူအညီနဲ့ စစ်​ကောင်စီပြန်ဝင်နိုင်ခဲ့တာဖြစ်ပါတယ် ။

ဒါ​ကြောင့်နွေဦး​တော်လှန်​ရေးမှာတော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်းအနည်းဆုံး ၉၆ မြို့ရှိတာမှာလားရှိုးမြို့ကိုစစ်​ကောင်စီတပ်​တွေ ပြန်ဝင်လာနိုင်တာ​ကြောင့်အခုစာရင်းက​နေဖယ်ထုတ်လိုက်ပြီး၉၅မြို့ဖြစ်သွားပါတယ်။

Public Service Announcement

Public Service Announcement

People’s Spring ရဲ့အင်ဖိုဂရပ်မှာ လားရှိူးမြို့ကို အနီ​ရောင်က​နေ အဝါ​ရောင်ပြောင်းလည်းပြသဖားပြီး​စောင့်ကြည့်ရမယ့်မြို့အဖြစ်သတ်မှတ်ထားပါတယ်။

လတ်​တေလာ ​တော်လှန်​ရေးတပ်​တွေနဲ့ စစ်​ကောင်စီတပ်​တွေကြား ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်း ၊ကရင်နီပြည် ၊ဧရာဝတီတိုင်း ၊ရခိုင်ပြည်နယ်၊မ​ကွေးတိုင်း၊ရှမ်း​မြောက် ၊မန္တ​လေးတိုင်း စတဲ့​ဒေသ​တွေမှာတိုက်ပွဲ​တွေ ဖြစ်ပွား​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook