Connect with us

Hi, what are you looking for?

သတင်း

မင်းလှနှင့် ငဖဲနယ်ရှိ တပ်စခန်းများအား တပ်မ(၉၉)လက်အောက်ခံတပ်ရင်းများ၊ စစ်မှုထမ်းများဖြင့် အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက်ရှိ တပ်စခန်းများအား စစ်ကောင်စီက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများနှင့် စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေအနေကို ကြိုတင်သတိပြုကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

စစ်မှုထမ်းတပ်သားသစ်အချို့အား စစ်ကောင်စီတပ်က သင်တန်းပေးနေစဉ်။ ဓာတ်ပုံ − စကစ

ဧပြီ ၂၃၊၂၀၂၅။ခွာညို/People’s Spring

မကွေးတိုင်း၊ မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက်ရှိ တပ်စခန်းများအား စစ်ကောင်စီက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများနှင့် စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေအနေကို ကြိုတင်သတိပြုကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

ပုသိမ် − မုံရွာလမ်းပိုင်းရှိ ပဒါန်း၊ ကန်တုတ်၊ ရှမ်းတပ်ကြီးစခန်းများကို စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စခန်းတွေကို အင်အားဖြည့်တင်းလာတာရှိတယ်။ မူလထက် တစ်ဆ ထပ်တိုးပြီး ခြေကုတ်ယူလာတယ်။ ဒီစခန်းတွေက ရန်သူရဲ့ အဓိကခံစစ်ဗျူဟာစခန်းကြီးတွေ ဖြစ်လာတဲ့သဘောပဲ” ဟု အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အထက်မင်းလှမြို့နယ်တို့သည် သုံးပွင့်ဆိုင် ထိစပ်နေသည်။ အာရက္ခတပ်တော်(AA)က အမ်းမြို့နယ်ကို သိမ်းယူပြီးနောက် အထက်မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ် စစ်ကြောင်းများကို တိုက်ခိုက်ခဲ့သည်။

ယခု အင်အားတိုးလာသည့် စစ်ကောင်စီတပ်များတွင် အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များမှ ထုတ်နုတ်အင်အားများလည်း ပါဝင်သည်ဟု သတင်းရရှိသည်။ လက်ရှိတွင် ကပစ နေရာများထက် ရခိုင်ရိုးမအစပ်နေရာများနှင့် ပုသိမ် − မုံရွာလမ်းတလျှောက်ကို အင်အားတိုးနေခြင်းဖြစ်သည်။

“ကပစတွေကိုကတော့ သူတို့ အမာခံနေရာတွေမှာ တည်ဆောက်ထားတာရယ်။ ပြီးတော့ လက်ရှိအနေအထားအရ တော်လှန်ရေးတပ်ဖွဲ့တွေ လွယ်လွယ်မဝင်ရောက်နိုင်တဲ့အတွက် ပုံမှန်ပဲ ရှိနေသေးတယ် ပြောရမှာပါ”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်မင်းလှမြို့နယ်တွင် ကပစ(၂)၊ ကသစ(၁၀)နှင့် ကပစ(၁၃) တို့ရှိနေသည်။ ကပစ(၂) သည် အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမြောက်ဘက်၌ တည်ရှိသည်။ ကျည်ဆန်များ၊ အမြောက်ကျည်များ အဓိကထုတ်လုပ်သည်။ ကပစ(၁၀) သည် အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင် တည်ရှိပြီး တာဝေးပစ်ဒုံးကျည် (missile) များ၊ ဒုံးကျည်များ ထုတ်လုပ်သည်။ ကပစ(၁၃) သည် မိုင်းအဓိက ထုတ်သည်။

လတ်တလော အခြေအနေများကြောင့် ပုသိမ် − မုံရွာလမ်းနှင့် ဒေသတွင်း လမ်းအသုံးပြု ခရီးသွားပြည်သူများ စစ်ကောင်စီနှင့် အနီးကပ်မနေကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ပုသိမ် − မုံရွာလမ်းပိုင်းသည် ဧရာဝတီတိုင်း ပုသိမ်မြို့မှ စစ်ကိုင်းတိုင်း မုံရွာမြို့အထိ ဖောက်လုပ်ထားပြီး အဆိုပါလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများကလည်း ကြိုးပမ်းနေသည်။

တပ်မ(၉၉) ကွပ်ကဲမှုအောက်၌ ခမရ(၃၁၅)၊ ခမရ(၁၁၃) ၊ခမရ(၄၁၇)၊ခမရ(၄၁၈)၊ခမရ(၄၁၉) ၊ခမရ(၄၂၀)၊ခမရ(၁၅)၊ ခမရ(၁၄)၊ ခမရ(၁၀၉)နှင့် ခလရ(၇၉)တပ်ရင်းများ ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် လူဦးရေထောင်နဲ့ချီသေဆုံးထိခိုက်မှုခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်ဆိုကာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

သတင်း

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ဗျူဟာ (၂၂)၊ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲတို့ ယနေ့(ဧပြီ ၂၈ရက်)တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲဝင် (၁၀)‌‌‌‌‌‌ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

Facebook