Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်ကောင်စီ၏ စက်တပ်လေထီးကို တော်လှန်ရေးတပ်များ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ စက်တပ်လေထီးတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့က ယနေ့(ဧပြီ ၂၃ရက်) ထုတ်ပြန်သည်။

ဧပြီ ၂၃၊၂၀၂၅၊ရဲခေါင်/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ စက်တပ်လေထီးတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့က ယနေ့(ဧပြီ ၂၃ရက်) ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၃ ရက်) ညနေ ၅နာရီခွဲခန့် က ပခုက္ကူမြို့ရှိ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှတက်လာသော စက်တပ်လေထီး သုံးစီးအနက် တစ်စီးသည် ပျံဝဲနေချိန်တွင် ချို့ယွင်းမှုကြောင့် မြေပြင်သို့ဆင်းသက်လာချိန် Burma Revolution Rangers တပ်ဖွဲ့နှင့် အတူတော်လှန်ရေးတပ်ဖွဲ့များက သွားရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

၎င်းတို့ရောက်ရှိချိန်တွင် စစ်ကောင်စီတပ်က မြေပြင်အင်အားအလုံးအရင်းဖြင့်တက်လာသောကြောင့် စက်တပ်လေထီးအား ယူဆောင်မရတော့၍ မီးရှို့ရှင်းလင်းခဲ့ရပြီး မောင်းနှင်သူမှာထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ စက်တပ်လေထီးကို မီးရှို့ဖျက်ဆီးရာတွင် Burma Revolution Rangers တပ်ဖွဲ့နှင့်အတူ Pakokku People Defense Force (PPDF)မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

“မနေ့က ပခုက္ကူ တပ်မ၁၀၁ကို ပါရာမော်တာ (စက်တပ်လေထီး)သုံးစီးရောက်တယ်ဆိုတာ သတင်းသိရတယ်။ဒီနေ့ စပျံတဲ့ ညနေပိုင်းမှာကျွန်တော်တို့ စောင့်ပြီး ပစ်တာ။ပစ်တာထိလို့ပဲ မြေပြင်ကို ဆင်းလာရတယ်။ဒါပေမယ့် အပေါ်မှာလဲ ပါရာမော်တာ နောက်တစ်စီးကလည်းရှိနေတော့ စောင့်ရသေးတယ်။ပြီးမှ မြေပြင်ရှင်းလင်းရေးလုပ်တော့ တွေ့တယ်။ဒါပေမယ့် မြေပြင်က စခ စစ်ကြောင်းက အင်နဲ့အားနဲ့တက်လာတာကို စက်ပေါက်တော့ အမြန်ဆုံးမီးရှို့လိုက်ရတာ။ကျွန်တော်တို့က သူများထက်ပို ရချင်တာပေါ့။ကားလဲ အဆင့်သင့် ဖြစ်အောင်လုပ်ပြီးပြီ။ဒါပေမယ့် ယူရမယ့်နေရာနဲ့ စခ တပ်ရော စစ်ကြောင်းနဲ့ကပါနီးတော့ အဆင်မပြေခဲ့တာပါ”ဟု Burma Revolution Rangers တပ်ဖွဲ့တာဝန်ရှိသူ ကိုဒီမိုက စစ်ကောင်စီ​၏ စက်တပ်လေထီးမီးရှို့ဖျက်ဆီးခဲ့မှုအပေါ် လူထုနွေဦးသို့ ရှင်းပြသည်။

စစ်ကောင်စီသည် စက်တပ်လေထီးအသုံးပြုတိုက်ခိုက်မှုကို ၂၀၂၄ ဒီဇင်ဘာအတွင်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တို့တွင် စတင်အသုံးပြုခဲ့သည်။

ထို့နောက် လေတပ်စခန်းနှင့် အခြေစိုက်တပ်များစွာရှိသည့် နေရာများကို စက်တပ်လေထီးများ ဖြန့်ဝေကာ အညာဒေသရှိ တော်လှန်ရေးတပ်များကောင်းရာ ဒေသများကို နေ့စဥ်နှင့်အမျှ ဗုံးကြဲနေသည်။

ရုပ်သံ − Burma Revolution Rangers

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

Facebook