Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်အထူးဒေသ(၁)တွင် နေထိုင်သူများ နေထိုင်ခွင့်ကဒ်ပြုလုပ်ရမည်ဟုဆို

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ အထူးဒေသ(၁)လောက်ကိုင်မြို့တွင် လာရောက်နေထိုင်သူများအားလုံး နေထိုင်ခွင့်ကဒ် လျှောက်ထားရန် ယနေ့ သတင်းထုတ်ပြန်သည်။

ခွာညို/People’s Spring

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ အထူးဒေသ(၁)လောက်ကိုင်မြို့တွင် လာရောက်နေထိုင်သူများအားလုံး နေထိုင်ခွင့်ကဒ် လျှောက်ထားရန် ယနေ့ သတင်းထုတ်ပြန်သည်။

အထူးဒေသ(၁)လောက်ကိုင်မြို့သည်အခြားဒေသမှရွှေ့ပြောင်းနေထိုင်သူများ၊စီးပွားရေးသမားများ၊အခြေခံလူတန်းစား အလုပ်သမားများဖြင့် အထူးစည်ကားသောမြို့ဖြစ်ပြီးစစ်ပွဲကာလအတွင်းထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့သော်လည်းအထူးဒေသစစ်ရေးအုပ်ချုပ်မှုကော်မတီ၏လမ်းညွှန်ချက်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ကာ လက်ရှိကာလ၌ ပြန်လည်အေးချမ်းလာပြီဟု MNDAAက ထုတ်ပြန်ထားသည်။

နေထိုင်ခွင့်ကဒ်ပြုလုပ်ရာတွင်မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း(သို့မဟုတ်)ထောက်ခံပေးသူလိုအပ်ပြီး တုံချိန်မြို့နယ်ရဲစခန်းတွင် အသေးစိတ်အချက်အလက်များစုံစမ်းနိုင်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မြို့တွင်းဖြစ်ပေါ်လာနိုင်သည့်ဒုစရိုက်မှုများကိုထိန်းချုပ်နိုင်ရန်အတွက် နေထိုင်ခွင့်ကဒ်များ ထုတ်ပေးလျက်ရှိသည်ဟု ဆိုထားသည်။

MNDAAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့်ဒုတိယပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံကိုး၊ သိန္နီ၊ လားရှိုး မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခဲ့သည်။ သို့သော် တရုတ်အစိုးရ၏ဖိအားကြောင့် ဧပြီလ၂၂ရက်၌ လားရှိုးမြိုမှပြန်လည်ဆုတ်ခွာခဲ့သည်။ထိုသို့ဆုတ်ခွာသွားပြီးနောက် ကျန်အထူးဒေသ(၁)အတွင်း ပြင်ပမှာဝင်ရောက်လာသူများကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

“ဗမာအပါအဝင်တခြားတိုင်းရင်းသားတွေအားလုံးလည်း အရင်လိုဝင်လို့မရတော့ဘူး။ပြန်လွှတ်နေတယ်။ ဖမ်းဆီးတာတွေလည်းရှိနေတယ်”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

ဧပြီလ ၁၆ရက်က ကွမ်းလုံ-ချင်းရွှေဟော်လမ်းတွင်လူငယ် ၅၀ ဦးကို အ‌ထောက်အထားမရှိဟုဆိုကာ MNDAAက ဖမ်းဆီးခဲ့ပြီး နှစ်ဦးသာပြန်လွတ်ပေးကြောင်းဒေသခံသတင်းရင်းမြစ်ကပြောသည်။

ထို့အပြင် ကွမ်းလုံ၊ ချင်းရွှေဟော်နှင့်လောက်ကိုင်မြို့ပေါ်မှဗမာလူမျိုးများကို MNDAAကနေထိုင်ခွင့်မပေးတော့ပဲ နေရပ်ပြန်ပို့နေကြောင်း သတင်းများထွက်ပေါ်နေသည်။

အဆိုပါသတင်းထွက်လာပြီးနောက် အထူးဒေသ

(၁)လောက်ကိုင်မြို့တွင် လာရောက်နေထိုင်သူများအားလုံး နေထိုင်ခွင့်ကဒ် လျှောက်ထားရန်လိုအပ်ကြောင်းထုတ်ပြန်ခြင်းဖြစ်သည်။အထောက်အ

ထားမရှိသူများအားဖမ်းဆီးခြင်းနှင့် ဗမာလူမျိုးများအားနေထိုင်ခွင့်မပေးတော့ပဲ နေရပ်ပြန်ပို့နေကြောင်း သတင်းအချို့ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ MNDAAက ရှင်းလင်းထားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။