Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ပေါ်မှာ ဓားပြတိုက်၊ နှစ်ဦးဖမ်းမိ

စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ကြီးစိုးနေတဲ့ မြင်းခြံမြို့ပေါ်မှာ ဓါးပြတိုက်မှုဖြစ်ပွားပြီး နှစ်ဦးကိုဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီ ၂၄၊၂၀၂၅။Scorpio/People’s Spring

စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ကြီးစိုးနေတဲ့ မြင်းခြံမြို့ပေါ်မှာ ဓါးပြတိုက်မှုဖြစ်ပွားပြီး နှစ်ဦးကိုဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က ဧပြီ ၂၃ ရက် ညနေပိုင်းက မြင်းခြံမြို့မစျေး အရှေ့မြောက်ထောင့်က ဖိနပ်လုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်လူတစ်စု ရောက်ရှိလာပြီး ဓါးပြတိုက်သွားခဲ့တာဖြစ်ကြောင်း၊ ၇ ဦးခန့်ပါဝင်တဲ့ အဲဒီဓားပြအဖွဲ့က ၂ ဦးကိုတော့ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဘာမှပါမသွားဘူး။ မိသွားတာ။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်။ သူတို့ကံဆိုးတာက အဲဒီအိမ်ဘေးမှာ မီးသတ်ရုံးရှိတော့ မီးသတ်တွေက ဝင်ဖမ်းပေးသွားတာ။”လို့ မြင်းခြံမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိသူနှစ်ဦးဟာ မိန်းကလေးတစ်ဦး၊ ယောကျာ်းလေးတစ်ဦးဖြစ်ပြီး သေနတ်နဲ့ဓါးတွေပါ ဖမ်းမိတယ်လို့ ဆိုပါတယ်။ မြင်းခြံမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ ကြီးစိုးနေတာဖြစ်တဲ့အတွက် ဓားပြတိုက်သူတွေဟာ ၎င်းတို့နဲ့ပတ်သက်သူတွေသာဖြစ်နိုင်ကြောင်း၊ ဖမ်းမိသူတွေကို ပျူစောထီးခေါင်းဆောင် သီတာယုမွန်က စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြင်းခြံမြို့ပေါ်မှာ ရွှေဆိုင်အပါအဝင် မြို့ပေါ်နေအိမ်တချို့ ဓားပြတိုက်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook