Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ပြည်သူတစ်ဦး သေဆုံး၊လေးဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ငူခရိုင် တပ် ရင်း(၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

စစ်ကောင်စီတပ်က ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်အပိုင်းအစများ။ တောင်ငူခရိုင်တပ်ရင်း (၃၅၀၂)

ဧပြီ၂၄၊ ၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ငူခရိုင် တပ် ရင်း(၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ယနေ့(ဧပြီ ၂၄)နံနက်အစောပိုင်း ၁နာရီ ၁၅ မိနစ်ခန့်က ညောင်ခြေထောက်အခြေစိုက် စစ်ကောင်စီတပ်နှင့် ခလရ(၇၃)တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သောင်ပုချောင်ကျေးရွာအတွင်း နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ၎င်းက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲ၍ အသက်(၇၀)ကျော် သက်ကြီးအမျိုး သမီးတစ်ဦးသေဆုံးပြီး (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် လေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရသူလေးဦးတွင် (၈)နှစ်ကလေးငယ်အပါအဝင် သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း တောင်ငူခရိုင်တပ်ရင်း (၃၅၀၂)က အသိပေးသည်။

“အကြောင်းမဲ့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာပါ။ တော်လှန်ရေးကိုထောက်ခံရင် ဒီလိုဖြစ်မယ်ဆိုတဲ့ အကြောက်တရားထည့်ပြီး ရက်စက်တဲ့ရည်ရွယ်ချက်ပေါ့”ဟု တပ်ရင်း (၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီ ၏လုပ်ရပ်အပေါ် မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျှက်ရှိရာ ပြည်သူများစွာ ဒုက္ခရောက်နေခြင်းအပေါ် သာယာနေသော၎င်းတို့၏ ရက်စက်ယုတ်မာမှုအတွက် တန်ပြန်ပေး ဆပ်ရမည်ဟု တောင်ငူခရိုင်တပ်ရင်း (၃၅၀၂)က အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။