Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ် စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၈ဦး သေဆုံး

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ထိန်ပန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၈ဦး သေဆုံးပြီး ၁၅‌‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၅ရက်၊ ၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ထိန်ပန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၈ဦး သေဆုံးပြီး ၁၅‌‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၂၅ရက် နေ့လည် ၁နာရီလောက်မှာ စစ်ကောင်စီတပ်က ထိန်ပန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေပေါ်ကျကာ ပြည်သူ ၈ဦး သေဆုံးပြီး ၁၅ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် မြင်းခြံမြို့က ခမရ(၁၅)တပ်ရင်းကလည်း ဟောင်ဝစ်ဇာတွေနဲ့ပါ ထိန်ပန်းကျေးရွာကို ပစ်ခတ်ခဲ့တာလို့ အဲဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိပါဘူး။ဒီဘက်မှာ စစ်ကောင်စီက မကြာခဏ AS( လေကြောင်းတိုက်ခိုက်မှု)ပြုလုပ်လေ့ရှိတယ်။‌‌‌သေချာတာကဒီဘက်မှာ ဘာစစ်ရေး ဖော်ဆောင်တာမှမရှိပါဘူး”လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးပြည်သူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည် ၃နာရီခွဲမှာလည်း တောင်သာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး အသေးစိတ်အခြေအနေကိုတော့မသိရ သေးပါဘူး။

မနေ့က ဒိဇင်ဘာ ၂၄ရက်ကလည်း ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့တယ်လို့ ကရင်နီသတင်းရင်းမြစ်တွေက ပြောပါတယ်။

မော်ချီးဒေသရှိ ခဲသတ္တုထုတ်လုပ်ရာ အမှတ်(၂)နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၃ရက်ကလည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊တောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ ၅ ဦး သေဆုံးပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ယခုဧပြီအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့်ပြည်သူ ၅၀နီးပါး သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ခါမ်းပါတ်မြို့နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့ကို စစ်ကောင်စီက ယနေ့(မေလ ၉ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Facebook