Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်က ညောင်ပင်ရွာကို စစ်ကြောင်းထိုးနေ

မြင်းခြံမြို့နယ်ထဲက ညောင်ပင်ရွာကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာရာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်ပုံ ( ပုံဟောင်း)

စက်တင်ဘာ – ၂၆ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မြင်းခြံမြို့နယ်ထဲက ညောင်ပင်ရွာကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာရာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ညောင်ပင်ရွာရဲ့အနောက်ခြမ်းကို စက်တင်ဘာ ၂၅ရက်ကစတင်ကာ စစ်ကြောင်းရောက်ရှိလာပြီး တော်လှန်တပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေရှိနေတာဖြစ်ပါတယ်။

“တိုက်ပွဲတော့မဖြစ်သေးဘူး၊နှစ်ဖက်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်” လို့ မြင်းခြံမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ညောင်ပင်ရွာထဲက နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ပင်ရွာက မြင်းခြံမြို့ပေါ်နဲ့ လေးမိုင်ခန့်သာဝေးပြီး အိမ်ခြေ ၄၀၀ခန့်ရှိတဲ့ ကျေးရွာကပြည်သူတွေဟာ လွတ်ရာကိုတိမ်းရှောင်နေရပါတယ်။

စက်တင်ဘာလကုန်ခါနီးအထိ မြင်းခြံမြို့ရဲ့အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်ခြမ်းရှိ ရွာစဉ် ၂၀ကျော်က ပြည်သူ ၇,၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကန့်ဆင့်(တောင်၊မြောက်)၊ဗလုံ၊ တမုန်းကိုင်း၊ပျော်ဘွယ်၊စံပြ၊သဲတော၊ခင်မကန်၊မြောက်ကုန်း၊ဓူဝံ၊တူရွင်းဘို့၊ကျောက်ဖြူကန်၊လက်ဝဲ၊မြင်းနီ၊မာန်လည်၊တောင်သဲတော၊ကန္နားစတဲ့ကျေးရွာတွေက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

စစ်ရှောင်တွေက တောထဲနေရာတွေကို တိမ်းရှောင်နေရသလို မိုးရာသီဖြစ်တဲ့အတွက် အမိုးအကာအလုံအလောက်မရှိတဲ့အတွက် မိုးမိပြီး ဖျားနာတာတွေဖြစ်ပွားနေသလို စားနပ်ရိက္ခာပြတ်လပ်တာတွေပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။