Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ် ဝင်တိုက်

တနင်္သာတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် မင်းသားကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ယနေ့(ဧပြီ ၂၅) အသိပေးထုတ်ပြန်သည်။

ရေဖြူမြို့နယ်အတွင်း စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ဓာတ်ပုံ - KBDF

ဧပြီ၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် မင်းသားကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ယနေ့(ဧပြီ ၂၅) အသိပေးထုတ်ပြန်သည်။

ဧပြီ၂၀ ရက် နံနက် ၇ နာရီ ၃၆ မိနစ်မှ ၈ နာရီ ၃၀ မိနစ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူစစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာ မိတ်တပ်ဖွဲ့များမှ ရဲဘော်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

“တိုက်ပွဲဖြစ်တဲ့နေ့က ရွာထဲကို လက်နက်ကြီးတွေ အများကြီးပစ်ထည့်တယ်။ ရေတပ်ကနေ ရွာထဲလက်နက်ကြီး ပစ်ခတ်တာတွေတောက်လျှောက်လုပ်ဆောင်နေတာတွေ ရှိခဲ့ပါတယ်”ဟု စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်သည့်နေက အခြေအနေကို ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ကံပေါက်တိုက်နယ်တွင် ပြည်သူ့စစ်(ပသစ)၊ ပျူစောထီးပူးပေါင်းအင်အား ၄၀ ခန့်ရှိရာ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ အင်အား ၁၂၀ ခန့်တိုးချဲ့ချထားကြောင်း ဒေသအခြေစိုက် ဒေါနတပ်ရင်းစစ်ကြောင်း -၃ (KBDF)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“အခုချိန်ထိက စစ်ရေးက တင်းမာဆဲပါဗျ။ မနေ့ညကထိ လက်နက်ကြီးနဲ့ ပစ်နေတုန်းပါ။ စကစ ရေတပ်(မောရဝတီရေတပ်စခန်း)ပါ”ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုကို ဒေါနတပ်ရင်းစစ်ကြောင်း -၃ (KBDF)(LPF)၊ မွန်ပြည်တော် လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီစစ်အာ ဏာရှင် တိုက်ဖျက်‌ရေးအဖွဲ့(NMSP-AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တပ်ရင်း – ၁၊ တပ်မဟာ ၆ တပ် ရင်း(၂၇)၊ ဓဝယ်တပ်တော် DNLA တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။