Connect with us

Hi, what are you looking for?

သတင်း

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှပစ်ခတ်သည့် လက်နက်ကြီး မြစ်ကြီးနားမြို့စစ်ကောင်စီဝန်ထမ်းအိမ်ရာအတွင်း ကျရောက်ပေါက်ကွဲ၊ လူတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ ဝိုင်းမော်မြို့ဘက်သို့ ယမန်နေ့(ဧပြီ ၂၅ရက်) ညပိုင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများအနက် နှစ်လုံးမှာ မြစ်ကြီးနားမြို့ ရှိ စစ်ကောင်စီ၏ မလိခဝန်ထမ်းအိမ်ရာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

မြစ်ကြီးနားမြို့ မလိခဝန်ထမ်းအိမ်ရာအတွင်း လက်နက်ကြီးကျရောက်ပြီးနောက် ဒေသခံများက ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၆၊၂၀၂၅။ယောနသံ/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ ဝိုင်းမော်မြို့ဘက်သို့ ယမန်နေ့(ဧပြီ ၂၅ရက်) ညပိုင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများအနက် နှစ်လုံးမှာ မြစ်ကြီးနားမြို့ ရှိ စစ်ကောင်စီ၏ မလိခဝန်ထမ်းအိမ်ရာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီက မပခမှနေ၍ ဝိုင်းမော်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

” မြစ်ကြီးနားနဲ့ဝိုင်းမော်က နီးနီးလေးလေ။ မနေ့ကဆက်တိုက်ပစ်တာ။ ည ၁၂ နာရီအထိ မရပ်ဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သီတာရပ်ကွက်ရှိ မလိခဝန်ထမ်းအိမ်ရာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုသည် ည ၁၁နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ လက်နက်ကြီးစထိမှန်၍ လူသေဆုံးကြောင်း သတင်းထွက်လာပြီးနောက် စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့်အဖွဲ့က အဆိုပါနေရာသို့ ညတွင်းချင်းလာရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

” သူတို့ပစ်တာသူတို့သိလို့ လာကြည့်ရဲတာ။ ဝန်ထမ်းတွေကိုကျ KIAက ပစ်တာလို့ ပြောသွားတယ်” ဟု ယင်းအိမ်ယာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

လိခဝန်ထမ်းအိမ်ရာသည် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများနေထိုင်သည့် အိမ်ယာဖြစ်သည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သည် ဧရာဝတီမြစ်ခြားလျှက် (၄)မိုင်ခန့်သာဝေးပြီး KIAနှင့် PDFများ ထိန်းချုပ်ထားသည့် လမြန်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ခတ်နေခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ်အတွင်း လမြန်ကျေးရွာအပါအဝင် ရွာများကို ပြီးခဲ့သည့်မတ်လမှစတင်၍ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ စစ်ကောင်စီသည်ဝိုင်းမော်မြို့၊ခလရ(၅၈)တပ်ရင်းကလည်း လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဧပြီ ၂၆ရက်)နံနက်တွင် လက်နက်ကြီးပစ်ခတ်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင်

စီ လက်ကျန်စခန်းအားလုံးကို ယမန်နေ့နံနက်အစောပိုင်းတွင် တပြိုင်တည်း ထိုးစစ်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲကို လက်စသတ်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ‌‌

ထို့အပြင် စစ်ကောင်စီသည် မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး -ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့် ဖားကန့်ကို အင်အားဖြည့်ရန် ကြိုးစားနေရာ အဆိုပါလမ်းပိုင်းနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

သတင်း

စစ်ကောင်စီက အပစ်ရပ်မည်ဟုသက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

Facebook