Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် အရပ်ဘက်ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေသာရွာအနီးရှိ အရပ်ဘက်ဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၈ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ(ပုံဟောင်း)။ ဓာတ်ပုံ-Tigying Revolution-TR

ဧပြီ ၂၆၊ ၂၀၂၅။ ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေသာရွာအနီးရှိ အရပ်ဘက်ဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မိတ္တီလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲခြင်းဖြစ်ပြီး လေကြောင်းပျံသန်းမှုဆက်လက်ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့် ဒေသများမှ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထား၍ ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ထီးချိုင့်ရဲစခန်း၊ ထီးချိုင့်တံတား၊ မြတောင်လမ်းဆုံတို့အပါအဝင် ရပ်ကွက်ငါးခုရှိသော မြို့ပေါ် နေရာအချို့၌ တပ်စွဲထားသည်။ မြသိန်းတန်တောင်ပေါ်ရှိ ထီးချိုင့်ရဲစခန်းကုန်းသည် ဘန်ကာအထပ်ထပ်ဖြင့် ခံစစ်ပြင်ဆင်ထားသည့် နေရာဖြစ်သည်။

ထီးချိုင့်မြို့နယ်တွင် လက်ရှိ၌ စစ်ရေးအခြေအနေ ငြိမ်သက်‌နေပြီး မြို့ပတ်ဝန်းကျင်ကျေးရွာများကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူကပြောသည်။

ယခု လေကြောင်းမတိုက်မီ မတ်လ ၈ရက်က ထီးချိုင့်မြို့ ကွင်းကြီးရွာလမ်းဆုံကို စစ်ကောင်စီက ဗုံးကြဲရာ ဒေသခံတစ်ဦးဒဏ်ရာရပြီး အိမ်ငါးလုံးပျက်စီးကာ ကျွဲသုံးကောင် သေဆုံးခဲ့သည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ ပြည်သူ့ကာကွယ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းရော ရေကြောင်းမှပါ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့၍ အိမ်အများအပြားပျက်စီးခဲ့သည်။ မြို့ခံများသည် မန္တလေးအပါအဝင် အခြားပတ်ဝန်းကျင်မြို့နယ်များတွင် တိမ်းရှောင်နေကြသည်။ စစ်ကောင်စီက မြို့ကိုဖျက်ဆီးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့ပေါ် ထိုးစစ်ဆင်မှုရပ်ခဲ့သည်။ မြို့နှင့် ခုနစ်မိုင်ခန့်အကွာမှ မောင်းကုန်းကျေးရွာကို သိမ်းပိုက်လိုက်သလို ထိုနေရာအနီးရှိ တကောင်းနီကယ်စက်ရုံကိုလည်း ထိန်းချုပ်ခဲ့သည်။

တရုတ်အစိုးရရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံရှိသော ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို ၂၀၂၄ ဩဂုတ်လတွင် ကာကွယ်ရေးတပ်များက သိမ်းယူခဲ့ခြင်းဖြစ်သည်။ မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ်လ ၂ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။