Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအနောက်ဘက်ခြမ်း၌ ကျောက်တုံးပြိုကျပြီး စစ်ရှောင်ပြည်သူတစ်ဦးသေဆုံး၊နေအိမ်အချို့ ပျက်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၌ ကျောက်တုံးပြိုကျပြီး စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်အချို့ပျက်စီးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ဧပြီ ၂၈ရက် နေ့လည် ၂ နာရီခန့်က ဒီးမော့ဆို မြို့နယ်အနောက်ခြမ်း၌ ကျောက်တုံးပြိုကျမှု ဖြစ်စဥ်ကိုတွေ့ရစဥ်။ဓာတ်ပုံ − JFK

ဧပြီ၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၌ ကျောက်တုံးပြိုကျပြီး စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်အချို့ပျက်စီးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(ဧပြီ ၂၈ ရက်)နေ့လည် ၂နာရီခန့်က မိုးသွန်းရွာပြီးနောက် ငါးပေပတ်လည်ခန့်ရှိမည့် ကျောက်တုံးတစ်လုံးသည် စစ်ရှောင်ပြည်သူများနေထိုင်ရာ နေအိမ်များပေါ်သို့ လိမ့်ကျခဲ့ခြင်းဟု ဆိုသည်။

“ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် တောင်ပေါ်က ကျောက်တုံးတွေ မခိုင်မာတော့ မိုးကထပ်ရွာခဲ့တာကြောင့် လိမ့်ကျလာတယ်လို့ ယူဆရပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ကျောက်တုံးပြို ကျမှုဖြစ်စဥ်နှင်ပတ်သက်၍ ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်ကြောင့် စစ်ဘေးရှောင်အဖိုးတစ်ဦး သေဆုံးခဲ့ပြီး စစ်ရှောင်နေအိမ်အချို့ပျက်စီးခဲ့ရသည်။

လက်ရှိအခြေအနေအရ ကျောက်တောင်အနီး နေထိုင်ကြသည့် စစ်ဘေးရှောင်များလည်း တာဝန်ရှိသူများအနေဖြင့် သတိပေးရန်လိုကြောင်းလည်း ဒေသခံအချို့က တိုက်တွန်းထားသည်။

“ကျွန်တော်တို့ စစ်ရှောင်ဘဝလည်း လေယာဉ်ရန် ကြောက်ရလိုက်။လက်နက်ကြီးရန် ကြောက်ရလိုက်။သဘာဝဘေး ကြောက်ရလိုက်နဲ့။အခုလည်း ကျောက်တုံးလိမ့်ကြလို့။လူသေဆုံးရသလို စစ်ရှောင်ပြည်သူအိမ်လည်း ပျက်စီးခဲ့ရပြီ”ဟု ဒီးမော့ဆိုမြို့နယ်၌ စစ်ရှောင်အရေးကူညီပေးနေသူက ပြောသည်။

မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်း၌ အကျယ်၊အနက် ပေ ၁၀၀ကျော်ရှိသည့် တွင်းနက်ကြီးတစ်ခုလည်း ဖြစ်ပေါ် ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်၌ စစ်ရှောင်နေရသည့် ပြည်သူသုံးသိန်းခန့်ရှိကာ အများစုမှာ အရေးပေါ်ဆေးဝါး နှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။