Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၃နာရီကျော်ကြာ တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်သွာ၊ AKသေနတ် ၂လက်နှင့် ခဲယမ်းများသိမ်းရဟု PLAပြော

တောင်သာမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ − PLA

ဧပြီ၂၉၊၂၀၂၅/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၃နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး သေနတ် ၂လက်သိမ်းဆည်းရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက ယနေ့(ဧပြီ၂၉ရက်) ထုတ်ပြန်သည်။

ဧပြီ ၂၈ ရက်က အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ ၃နာရီကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးခဲ့သည်ဟု PLAက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ငါ့သရောက်မြို့မှ တောင်သာမြို့နယ် အနောက်ခြမ်းသို့ ဧပြီ ၂၆ ရက်တွင် စတင်စစ်ကြောင်းထိုးခဲ့ပြီး ဧပြီ ၂၇ ရက်တွင် တံတားရွာမှ တောင်ခမောက်ကျေးရွာသို့ စစ်ကြောင်းထိုးရာတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းအထိနာသောကြောင့် လေကြောင်းပစ်ကူခေါ်ခဲ့ပြီး တောင်ခမောက်ကျေးရွာအား မီးရှို့ ဖျက်ဆီးခဲ့သည်ဟု PLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဧပြီ ၂၈ ရက်တွင် တောင်ခမောက်ကျေးရွာမှ ထောက်ရှာကျေးရွာသို့ စစ်ကြောင်းထိုးရာတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာပြီး AK အမျိုးအစား ​သေနတ် ၂လက်နှင့် ခဲယမ်း၊ စစ်အသုံးအဆောင်များ သိမ်းပိုက် ရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး)အများအပြားပါဝင်ပြီး အဆိုပါ စစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် ငါ့သရောက်မြို့နယ်အတွင်း ဆုတ်ခွာသွားသည်ဟု PLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှတ် ၈၁၅တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) အပါအဝင်၊ ဒေါင်းရင်သွေး၊ မိုးမခပြောက်ကျား၊ညောင်ဦးခရိုင်ပကဖ၊ မြင်းခြံရင်း (၃)၊ ညောင်ဦးရင်း (၅) 21 Bagan၊ စကော်ပီယံ (တောင်သာပကဖ)၊ ပုပ္ပား – PGF၊ န.ပ.တ (၇၀၄) တပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တောင်သာမြို့နယ်တိုက်ပွဲ နှင့်ပတ်သက်ပြီး PLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။