Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်ရှိ အဆောက်အဦးတွေကို ငလျင်ပြင်းအား ၈ အထိ ခံနိုင်အောင် တည်ဆောက်ဖို့ စစ်ကောင်စီညွှန်ကြား

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်က ရုံး ဌာန အဆောက်အဦးတွေ ကို ပြန်လည် ပြုပြင် တည်ဆောက်ရာမှာ မူလက ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ဆောက်လုပ်ခိုင်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။

MOI

ဧပြီ – ၃၀ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်က ရုံး ဌာန အဆောက်အဦးတွေ ကို ပြန်လည် ပြုပြင် တည်ဆောက်ရာမှာ မူလက ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ဆောက်လုပ်ခိုင်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။

ရုံး၊ဌာန အဆောက်အဦးတွေကို ပြန်လည်တည်ဆောက်ရာမှာ မူလက ဆောက်လုပ်ခဲ့သူတွေကို ပြန်ဆောက်ခိုင်းမယ့် နည်းလမ်းအပါအဝင် နည်းလမ်းသုံးသွယ်အသုံးပြုမယ်လို့ စစ်ကောင်စီ ရဲ့ ကာကွယ်ရေးဝန်ကြီး​ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်က ပြုလုပ်တဲ့အစည်းအဝေးမှာ ပြောခဲ့တာပါ။

အဲဒီနည်းလမ်းသုံးသွယ်ကတော့ မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ဆောက်လုပ်ခိုင်းတာ ၊ လက်ရှိ ဝန်ကြီးဌာနတွေရဲ့ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေဆဲ ကုမ္ပဏီတွေကို တာဝန်ပေးတာ ၊ အင်ဂျင်နီယာအသင်းက ထောက်ခံပေးတဲ့ ကုမ္ပဏီတွေကို လုပ်ကိုင်စေတဲ့နည်းလမ်းတွေဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေကို ပြန်ဆောက်ရာမှာ ငလျင်ပြင်းအား ရစ်ချ်တာစကေး ၈ အထိခံနိုင်အောင်ဆောက်လုပ်ပေးရမယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီဟာ နေပြည်တော်တည်ဆောက်ရေး စီမံကိန်းမှာ အဆောက်အဦးတွေ ၊ ရုံးဌာနတွေ​၊ ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီ တွေ ပြန်လည်ဆက်သွယ်ကြဖို့ ဖိအားပေးထားပါတယ်။

မတ်လ ၂၇ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် စစ်ကောင်စီရဲ့ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော် မြို့တော်လည်းဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တာပါ။

သမ္မတ အိမ်တော် ၊လွှတ်တော် ၊ ဝန်ကြီးဌာန တွေ ၊ ဝန်ထမ်းအိမ်ရာတွေ ၊ ဆေးရုံတွေ ၊ စျေးတွေ ထိခိုက် ပြိုကျပျက်စီးခဲ့သလိုမြို့ရဲ့အဓိက လမ်းမကြီးတွေလည်း ထိခိုက်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ရုံးချုပ်လည်း ငလျင်ဒဏ် ကြောင့် ထိခိုက်ခဲ့ပေမယ့် သတင်းမထွက်အောင် ဖုံးဖိထားပါတယ်။

နေပြည်တော်ကို ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ရန်ကုန်မြို့ကနေ အုပ်ချုပ်ရေးယန္တယား ကို နေပြည်တော်ဆီ ပြောင်းရွှေ့ခဲ့တာပါ။

ဒါအပြင် နေပြည်တော်ကို စစ်တပ်က စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရဲ့မြို့တော်အဖြစ်သတ်မှတ်ခဲ့ပါသေးတယ်။

နေပြည််တော်ကို တည်ဆောက်ရာမှာ ကုန်ကျငွေ ပမာဏကိုအများပြည်သူသိရှိအောင် စစ်အစိုးရက ထုတ်ပြန်တာမျိုးမရှိပါဘူး။

ဒါပေမယ့် တိုင်းပြည် ဘဏ္ဍာငွေကို စိတ်ကြိုက်သုံးပြီး ပြီးစလွယ် တည် ဆောက်ခဲ့တဲ့ နေပြည်တော်မြို့တော် ဟာ မြို့သက်တမ်း နှစ် ၂၀ အတွင်းမှာတင် ငလျင်ဒဏ်ကြောင့် မြို့တစ်မြို့နီးပါး ပျက်စီးသွားတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးအပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်ဟာ ငလျင်ကြောင့် အထပ်မြင့်တိုက် ပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတွေဆီမှာ သွားရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

သတင်း

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။