Connect with us

Hi, what are you looking for?

သတင်း

သောင်ရင်းမြစ် မူယူထာဒေသ၌ မူးယစ်ဆေးပြား ၅သန်းကျော် KNU ဖမ်းမိ

ထိုင်း − မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ မူးယစ်ဆေးများ ဖမ်းစီးရမိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဧပြီ၃၀ရက်) သတင်းထုတ်ပြန်သည်။

ယူထာဒေသတွင် ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးများ။ ဓာတ်ပုံ − KNU

ဧပြီ ၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်း − မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ မူးယစ်ဆေးများ ဖမ်းစီးရမိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဧပြီ၃၀ရက်) သတင်းထုတ်ပြန်သည်။

ဧပြီ ၂၇ရက် နံနက်တွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုတ်၊ ဆေးပြား ပေါင်း(၅,၅၉၀,၀၀၀) ပြားကို မူယူထာဒေသတွင် ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးများမှတ်တမ်းနှင့် အတူ ဖော်ပြသည်။

ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ KNU မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးကော်မတီနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့ မှ တာဝန်ယူစုံစမ်းစစ်ဆေး ဖော်ထုတ်ကာ ကော်သူးလေဥပဒေအရ အရေးယူသွားမည်ဖြစ်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − KNU

KNLA သည် မတ်လ ၂၆ရက်ကလည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အဖွဲ့ရပ်တည်ချက်ကိုအသိပေးထားသည်။

ထိုင်းနိုင်ငံမှ ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ လုံး၀ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU)၏တပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ရုံးချုပ်က သဘောထား ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၁ရက်က ထိုင်းနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အဖွဲ့အစည်း တစ်ခုခုနှင့် ပတ်သက်သည်ဟူသော သတင်းများ ထွက်နေ၍ ကြေညာချက်ထုတ်ပြန်ရှင်းလင်းရခြင်းဖြစ်ဟု KNLA စစ်ရုံးချုပ်တာဝန်ရှိသူက ပြောသည်။

နယ်စပ်ဒေသများ၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရောင်းဝယ်ဖြန့်ဖြူးခြင်းများ ယခင်ကတည်းက ကြာမြင့်စွာ ရှိနေကြောင်း၊ ဝိသမလောဘကြောင့် ငွေရလွယ်သည့် လမ်းကို လိုက်ရင်း မူးယစ်ဆေးဝါးသည် စျေးကွက်စီးပွားရေးတခုကဲ့သို့ ဖြစ်နေသည့် အနေအထားဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

KNLA၏ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများကို နိုင်ငံတကာမှ ဆန့်ကျင်ရှုတ်ချသည်နှင့်အမျှ KNU/KNLA မှလည်း မူလမ်းစဉ်အရ လုံးဝအားပေးထောက်ခံခြင်းမရှိဘဲ နိုင်ငံတကာနှင့်အတူ ဆန့်ကျင့်ရှုတ်ချကြောင်း ဖော်ပြသည်။

ထို့ပြင် KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် KNU – ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးဦးဆောင်မှုကိုအမြဲခံယူ ကျင့်သုံးနေသည့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ KNU/KNLA သည် တော်လှန်ရေးသမိုင်းတလျှောက် ကင်းရှင်းစွာ ရပ်တည်လာခဲ့သည့်အဖွဲ့အစည်းလည်းဖြစ်ကြောင်း ထုတ်ပြန်သည်။

KNU အုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သူများကို အဖွဲ့၏ တည်ဆဲဥပဒေများနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။