Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့ နောက်ဆုံးလက်ကျန်တပ်ရင်းနှစ်ခုအတွက် သောက်သုံးရေကိုပင် စစ်ကောင်စီ လေကြောင်းမှ ပို့နေရ

ကရင်နီပူးပေါင်းတပ်ပိတ်ဆို့ထားသည့် ဖားဆောင်းမြို့၏ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ (၁၃၄)နှင့် (၁၃၅)တပ်ရင်းအတွက် သောက်သုံးရေကိုပင်လေကြောင်းမှ ပို့နေရကြောင်း ကရင်နီပြည်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် ဗဟိုစစ်ဦးစီး အမှတ်(၆၂၆)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် ဖားဆောင်းမြို့ နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Free Burma Ranger

မေ ၂၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပူးပေါင်းတပ်ပိတ်ဆို့ထားသည့် ဖားဆောင်းမြို့၏ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ (၁၃၄)နှင့် (၁၃၅)တပ်ရင်းအတွက် သောက်သုံးရေကိုပင်လေကြောင်းမှ ပို့နေရကြောင်း ကရင်နီပြည်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် ဗဟိုစစ်ဦးစီး အမှတ်(၆၂၆)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖားဆောင်းမြို့မကျရေးအတွက် စစ်ကောင်စီသည် ထောက်ပို့လေယာဥ်ဖြင့် ရိက္ခာခဲယမ်းဖြည့်တင်းမှုများလုပ်ဆောင်နေရာ ကင်းထောက်ဒရုန်းနှင့်လည်း ထောက်လှမ်းကာ လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်နေသည်ဟု ဆိုသည်။

ထို့အပြင် ဒရော့ဗုံးများချတိုက်ခိုက်နေပြီး တိုက်လေယာဥ်ဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“တိုက်ခိုက်မှုအခြေအနေကတော့ နေ့စဥ်လိုလိုထိတွေ့မှုရှိပြီး သူတို့တပ်ထဲကို ရိက္ခာနှင့်ရေမရရှိအောင်မြေပြင်မှာတော့ ပိတ်ဆို့ထားတာရှိပါတယ် သူတို့ကိုက အရင်တလောဆိုရင် ထောက်ပို့ လေယာဥ်သုံးပြီး ရေတောင် လေထီးနဲ့ချပေးရတဲ့အခြေအနေထိရှိတယ်တခြားကောပေါ့ဗျာ ရိက္ခာခဲယမ်းကိုလည်းသူတို့က အဲ့လိုပဲဖြည့်နေရတဲ့အခြေအနေပေါ့”ဟု အမှတ်(၆၂၆)တပ်ရင်း တာဝန်ရှိသူက လက်ရှိ ဖားဆောင်းမြို့ အခြေအနေအပေါ် ရှင်းပြသည်။

ထို့အပြင် ခလရ(၁၃၄)နှင့် (၁၃၅)တပ်ရင်းအတွင်း၌ စိတ်ဓာတ်ပျက်ပြားမှုဖြစ်နေသည်ဟု ကြားသိနေရပြီး အထက်လူကြီးဖိအားကြောင့် ထွက်ပြေးချင်သူများရှိပါက ကူညီ၍ ကြိုဆိုမည်ဟု ၎င်းက ဆိုသည်။

“တပ်တွင်းမှာ ဖရိုဖရဲဖြစ်နေတာ သိရတယ်ပေါ့။ တပ်သားအများစုက စိတ်ဓာတ်ပျက်ပြားနေကြပြီး ထွက်ပြေးချင်နေတာ။ အထက်လူကြီးဖိအားကြောင့် ခက်ခဲနေတာပေါ့။ သူတို့သာ အလင်းဝင်လာတာတို့ ထွက်ပြေးတာတို့လုပ်လာရင် ကြိုဆိုဖို့အသင့်ရှိနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဖားဆောင်မြို့မြေပြင်မှ ရဲဘော်တစ်ဦးကလည်း “သူတို့ဖက်ကတိုက်ခိုက်လာမှုကတော့ ဒရော့ဗုံးချတဲ့လေယာဥ်ငယ်သုံးပြီး ဒရော့ဗုံးချတာတို့ ကင်းထောက်ဒရုန်းနဲ့ကင်းထောက်ပြီး ၆၀ထုလာတာတို့ လုပ်တယ် အခြေအနေကတော့ မျက်နှာချင်းဆိုင် လို့ပြောလို့ရသလို ဝိုင်းထားတဲ့အခြေအနေမှာရှိပါတယ်”ဟု ပြောသည်။

ထို့ကြောင့် ကျန်ရှိနေသည့် စစ်ကောင်စီတပ်နှစ်ခု အပြီးသတ်သိမ်းနိုင်ရန် လက်နက်ခဲယမ်းနှင့် ရိက္ခာ လိုအပ်ချက်လည်း ဝိုင်းဝန်းဖြည့်တင်းပေးရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်တွင်စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ်ရင်း(၂)ခု ဖြစ်သော ခလရ(၁၃၄)နှင့် ခလရ(၁၃၅)တပ်ရင်းသာ ကျန်ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ကရင်နီပြည်နယ်၌ မယ်စဲ့၊ရှားတော၊ရွာသစ်၊မော်ချီးဒေသတို့ကို ကရင်နီပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook