Connect with us

Hi, what are you looking for?

သတင်း

လားရှိုးကဲ့သို့မကြုံရရေး မြို့များကာကွယ်ရေးတွင် တက်ကြွစွာပါဝင်ကြရန် ပြည်သူများအား TNLA မေတ္တာရပ်ခံ

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုက်ရသည့် အခြေအနေမျိုး မကြုံရစေရေး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တအာင်းတပ်မတော်(TNLA)က မေတ္တာရပ်ခံလိုက်သည်။

တရုတ်အစိုးရအကူအညီဖြင့် စစ်ကောင်စီအဖွဲ့ပြန်လည်ရယူသွားသော လားရှိုးမြို့တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - လားရှို့မြို့ပြန်လည်ထူထောင်ရေး

မေ ၅၊၂၀၂၅။ရဲခေါင်၊မိုးမိုး/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုက်ရသည့် အခြေအနေမျိုး မကြုံရစေရေး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တအာင်းတပ်မတော်(TNLA)က မေတ္တာရပ်ခံလိုက်သည်။

မေလ ၄ရက်ကပြုလုပ်သည့် TNLA၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်နှင့်ပတ်သက်ပြီး TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

” နယ်မြေတွေမှာ လားရှိုးပုံစံမျိုး မကြုံရလေအောင်ရှိနေတဲ့ ညီအကိုမောင်နှမတွေ ပြည်သူတွေအားလုံး PSLF/TNLAက ဦးဆောင်ပြီးမှ ဆောင်ရွက်နေတဲ့အတိုင်း လိုက်နာပြီးမှ ဆောင်ရွက်ပေးကြပါ။ တချို့နေရာမှာ မြို့ကာကွယ်ရေးတပ် ပုံစံမျိုး ကျနော်တို့ စုဆောင်းဆောင်ရွက်ထားတာမျိုးရှိပါတယ်။ အဲဒီမှာလည်း တက်တက်ကြွကြွ ပါဝင်ပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများပါဝင်နိုင်သည့် နည်းလမ်းများစွာရှိပြီး အချို့က လက်နက်ကိုင်တပ်တွင် ပါဝင်နိုင်သကဲ့သို့ အချို့က အခြား နည်းလမ်းများဖြင့် ပါဝင်နိုင်ကြောင်း အသိပေးသည်။

“အဲဒါမှသာလျင် ဒီမြို့ကို ဆက်လက်ပြီးမှ ကာကွယ်နိုင်ဖို့အတွက်ရော မြို့ကိုပြန်လည်ပြီးမှ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရော ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားရာ တရုတ်စီစဉ်ပေးသည့် စစ်ကောင်စီနှင့် ဆွေးနွေးပွဲ စစ်ကောင်စီက TNLAအနေဖြင့် သိမ်းပိုက်ထားသည့် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုထားသည်။

သို့သော် TNLAဘက်က ဆုတ်ခွာပေးရန် သဘောထား မရှိသေးကြောင်း အသိပေးထားသည့်အပြင် စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

Facebook