Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးနေသည်ဟု ဒေသခံစစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ​ပြောသည်။

၂၀၂၅ ဖေဖော်ဝါရီက ရေပူကျေးရွာအနီးတိုက်ပွဲအတွင်း စစ်​ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်ကိုခုခံနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ဓာတ်ပုံ − IPDF

မေ ၅၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးနေသည်ဟု ဒေသခံစစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ​ပြောသည်။

ယနေ့(မေလ ၅ ရက်) နံနက်ပိုင်းကစ၍ ညောင်ရွှေမြို့နယ်၏ တောင်ဘက်စွန်းရှိ ရေပူကျေးရွာကို စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့က စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်ဖွဲ့များဖြင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးသည်။

ထို့နောက် နေ့လည် ၁၂ နာရီခန့်တွင် ရေပူကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ထိတွေ့မှုတော့ဖြစ်နေတုန်း”ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(IPDF)မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ယနေ့ ညနေ ၆ နာရီခွဲခန့်တွင် ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ရွှေနှင့် ဖယ်ခုံမြို့တို့ရှိ ဒေသခံနှင့် စစ်ရှောင်ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရထားကြောင်းလည်း သိရသည်။

ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ စံကားကျေးရွာအုပ်စု၊ ထီခိုးရွာ၊ ရေပူရွာ၊ တောင်ပို့ကွဲရွာနှင့် ညောင်လေးပင်ကျေးရွာတို့ကို စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်ကြောင်းထိုးမည်ဟု PNA ပြည်သူ့စစ်က ဧပြီ ၆ ရက်တွင် ကြေညာခဲ့သည်။

ထို့နေ့ပင် ရေပူကျေးရွာအရှေ့ခြမ်း စစ်ကြောင်းထိုးရာတွင် PNAနှင့်စစ်ကောင်စီတပ်တို့ ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရကာ ၎င်းတို့၏ ကင်းထောက်ဒရုန်းတစ်စီးကို IPDFက ပစ်ချရရှိခဲ့သည်။

၂၀၂၂ကစ၍ PNO/PNAသည် အာဏာသိမ်းစစ်တပ် နှင့် ပူးပေါင်းမှုပြုလုပ်ခဲ့ပြီး ၎င်း၏ နယ်မြေဖြစ်သည့် အထူးဒေသ(၆)ရှိ ပင်လောင်း ၊ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်များမှ လူငယ်များအား အတင်းအဓမ္မပြည်သူ့စစ်အဖြစ်သွပ်သွင်းပြီး လူထုထံမှ ဆက်ကြေးများလည်း ကောက်ယူနေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။