မေ-၆၊၂၀၂၅။ရဲခေါင်/People’s Spring
တိုက်ပွဲ ပြင်ထန်းနေသည့် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်မှ မိုးဗြဲမြို့၏ ချောင်းများ၊မြောင်းများတွင် ငါးများအစုလိုက်သေဆုံးမှုများတွေ့လာရကာစစ်ကောင်စီကအဆိပ်ခတ်မှုကြောင့်ဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။
မိုးဗြဲရေကာတာမှတဆင့် ရေဖောက်ချရာတွင် မိုးဗြဲ မြို့ရှိမြောင်းများနှင့်ဘီးလူးချောင်း၌ ငါးများ အစု လိုက်အပြုံလိုက်သေဆုံးမှုသည် ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရသည်ဟုသိရသည်။
“စကစတွေ ဆည်ရေအဆိတ်ခတ်မှုကြောင့်လား သေချာတော့မသိရသေးပေမယ့် တစ်ချို့လူတွေက ကောင်းကောင်းမသေသေးတဲ့ငါး၊မူးဝေနေတဲ့ငါး တွေကိုဆယ်ယူပြီး စားကြတာရှိသလို ပြန်ရောင်းကြတာလဲ ရှိပါတယ်။တစ်ချို့ကဝယ်စားမိလို့ လည်းချောင်းယားတာတွေဖြစ်ကြတယ်လို့ပြောကြပါတယ်။ဆည်မြောင်းရေကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ပြည်သူတစ်ချို့လည်းသတိထားဖို့လိုအပ်သလို ငါးရောင်းငါးဝယ်တဲ့ပြည်သူတွေလည်းသတိထားဖို့လိုအပ်နေတယ်”ဟု မိုးဗြဲ မြို့နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
ငါးသေများတွေ့ရှိမှုသည် သတင်းပါတ်နှစ်ပတ်ကျော်ကြာရှိလာပြီး ဘီးလူးချောင်းနှင့် မိုးဗြဲ ဆည် ရေထွက်ပေါက်မှ ထွက်လာသည့် မြောင်းများကို မှီခိုအသုံးပြုသည့် ပြည်သူများအတွက်စိုးရိမ်ကြောင်းလည်း မိုးဗြဲ မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ငါးတွေသေပြီးမျောပါလာတာလက်နက်ကြီးမှန်တာပဲထင်တာ။အခုရက်ပိုင်းက ငါးသေတွေ့တာ အရမ်းများလာခဲ့တယ်။ကျနော်တို့သုံးသပ်ကြည့်တယ် စခ ပဲ ငါးရှော့တိုက်စားတာလားတွေးကြည့်တော့ရှော့တိုက် စားရင် တောင် ငါ့အကောင်ကြီးတွေက မသေနိုင်ဘူးလေ။အခုဟာက အကောင်ကြီးလဲသေပြီး မျောပါလာတယ်။စကစရဲ့ နည်းလမ်းတစ်ချို့ပါတယ်ဆိုတာသေချာလောက်တယ်”ဟု၎င်းကဆက်သည်။
ကရင်နီပူးပေါင်းတပ်က ထိန်းချုပ်ထားသည် မိုးဗြဲ မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေသည်မှာ လေးလကျော်ကြာရှိနေပြီးနှစ်ဖက်စစ်ရေးအခြေအနေမှာ တင်းမာနေဆဲ ဖြစ်သည်။
“မြို့တွင်းဘက်ကိုတိုးနိုင်ဖို့ စကစ အနေနဲ့ ကြိုးပမ်းနေတယ်။စစ်ရေးအရတော့ တင်းမာနေဆဲပါပဲ”ဟု လက်ရှိမိုးဗြဲ မြို့စစ်ရေးအခြေအနေကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုးဗြဲမြို့နှင့် နှစ်မိုင်ကျော်သာဝေးသည့် အမှတ် ၄၂၂ ခြေမြန်တပ်ရင်း(ခမရ ၄၂၂ )ကိုစစ်ကောင်စီကအခြေပြုပြီး အင်အား ၅၀၀ ခန့်ဖြင့် မိုးဗြဲ မြို့တွင်းကို ဝင်ရောက်နိုင်ရန်အကြိမ်ကြိမ်ထိုးစစ်ဆင်နေသည်။ဧပြီ ၂၈ ရက်က တိုက်ခိုက်မှုတွင်ကာ ကင်းစခန်းတစ်ခုကိုစစ်ကောင်စီ က ဝင်ရောက်နေရာယူထားသည်။
ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီတပ်က မိုးဗြဲမြို့ သို့ထိုးစစ်ကို ကရင်နီတပ်ပေါင်းစုက ခုခံတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၆၀ ကျော်အထိ သေ ဆုံးပြီး လက်နက် ၁၆ လက်ရရှိထားကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးထားသည်။
