Connect with us

Hi, what are you looking for?

သတင်း

တံတားဦးနဲ့အင်းဝမြို့ကို အထီးကျန်သွားစေခဲ့တဲ့ ဒုဌဝတီတံတား

ပြီးခဲ့တဲ့ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းအနီး ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်က ဒုဌဝတီတံတားဟာ ကျိုးပြတ်သွားခဲ့ပါတယ်။ တံတား အောက်ခြေတိုင်တွေကလွဲလို့ ကြမ်းခင်းလမ်းတွေအားလုံး ပြိုကျကာ ပျက်စီးသွားခဲ့တာပါ။ တံတားထိပ်နှစ်ဘက်က အမြန်လမ်းပေါ်မှာလည်း လမ်းပိုင်းနိမ့်ဆင်းသွားတာ၊ ကျွံကျသွားတာတွေ ရှိခဲ့ပါတယ်။

မေ ၆၊၂၀၂၅။Scorpio/People’s Spring

ပြီးခဲ့တဲ့ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းအနီး ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်က ဒုဌဝတီတံတားဟာ ကျိုးပြတ်သွားခဲ့ပါတယ်။ တံတား အောက်ခြေတိုင်တွေကလွဲလို့ ကြမ်းခင်းလမ်းတွေအားလုံး ပြိုကျကာ ပျက်စီးသွားခဲ့တာပါ။ တံတားထိပ်နှစ်ဘက်က အမြန်လမ်းပေါ်မှာလည်း လမ်းပိုင်းနိမ့်ဆင်းသွားတာ၊ ကျွံကျသွားတာတွေ ရှိခဲ့ပါတယ်။

ဒုဌဝတီတံတားကို စစ်တပ်အုပ်ချုပ်နေတဲ့ကာလဖြစ်တဲ့ ၁၉၉၆ မတ်လ(၄)ရက်ကနေ စတင်ဆောက်လုပ်ခဲ့တာပါ။ ၂ နှစ်ခွဲကျော်အကြာ ၁၉၉၈ နိုဝင်ဘာ(၁၅)ရက်မှာ ပြီးစီးခဲ့ပါတယ်။ ၁၉၉၉ ဇန်နဝါရီ (၂၆)ရက်နေ့မှာတော့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ပြည့်ခါနီးမှာတော့ စစ်တပ်လက်ထက် ဆောက်ခဲ့တဲ့ ဒုဌဝတီတံတားဟာ စစ်တပ်အာဏာသိမ်းထားချိန်မှာပဲ ပျက်စီးသွားခဲ့ပါတယ်။

https://www.facebook.com/LuduNwayOo/videos/1220220896306010

Public Service Announcement

Public Service Announcement

ဒုဌဝတီတံတား ပျက်စီးသွားတဲ့အတွက် ငလျင်ဘေးဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့ တံတားဦးနဲ့ အင်းဝမြို့ဟောင်းဟာ မန္တလေးမြို့နဲ့ ပိုဝေးသွားစေခဲ့ပါတယ်။ တံတားဦးဒေသခံတွေဟာ မန္တလေးမြို့ကိုလာဖို့အတွက် ပလိပ်မြို့ဘက်ကနေ အဝေးကြီးပတ်သွားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တံတားဦးနဲ့ ပလိပ်သွားတဲ့လမ်းပေါ်က တံတားတစ်စင်းထပ်ကျိုးလို့ ကျန်တဲ့ စကားအင်း-ပလိပ်လမ်းကနေ ပတ်သွားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားဦးမြို့ဟာ မန္တလေးမြို့ကို အမှီပြုပြီး နေ့စားလုပ်ကိုင်နေရသူတွေ ပေါတဲ့မြို့ပါ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေလို့ အခုအခါ အလုပ်အကိုင်တွေပါ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် တံတားဦးမြို့လေးဟာ ငလျင်မတိုင်မီကကာလတွေကလည်း စစ်မှုထမ်းဖို့ လူငယ်အများအပြား ဖမ်းဆီးအခံရဆုံး မြို့ငယ်လေးတခုပါ။

တံတားဦးမြို့နယ်မှာ ငလျင်ကြောင့် လူဦးရေ ၂၀၀ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခုတော့ အပြိုအပျက်တွေကြားမှာ တံတားဦးမြို့လေးဟာ ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးဘဲ တိတ်ဆိတ်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

“နေ့ခင်းဘက်ပါ တမြို့လုံးခြောက်ကပ်နေတာ”လို့ မြို့ခံတစ်ဦးက ပြောတယ်။ ဒုဌဝတီတံတားဟာ ပြင်ဆင်ဖို့ အချိန်အများကြီးယူရဦးမှာမို့ တံတားဦးနဲ့ အင်းဝမြို့လေးဟာ အထီးကျန်ဆန်စွာ ဖြတ်သန်းနေရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၂ ဦး သေဆုံးကြောင်း မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။