Connect with us

Hi, what are you looking for?

သတင်း

အသက်မပြည့်​သေးတဲ့ လူငယ် ၅ ဦး PLA ထဲဝင်​ရောက်မှုပြန်လွှတ်ပေးဖို့မိသားစု​တောင်းဆို

ပုလဲမြို့နယ်ကအသက်မပြည့်‌‌သေးတဲ့လူငယ် ၅ ဦး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA ) ထဲကိုဝင်ရောက်သွားမှုနဲ့ပတ်သက်ပြီး ကလေးတွေကိုပြန်လွှတ်ပေးဖို့ မိဘ တွေကတောင်းဆို နေကြပါတယ်။

တပ်သားသစ်စု​ဆောင်းခံထားရတဲ့ အသက်မပြည့်​​သေးတဲ့ လူငယ် ၅ ဦးပြန်လွှတ်​ပေးဖို့မိသားစုဝင်​တွေနဲ့ ​ဒေသခံပြည်သူ​တွေ ဆန္ဒထုတ်​ဖော်စဥ်။ ဓါတ်ပုံ-​ပေးပို့

တပ်သားသစ်စု​ဆောင်းရာမှာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွေးအခေါ်အပေါ် အဓိက အခြေခံစည်းရုံးပြီး တော်လှန်ရေးဆင်နွှဲလိုတဲ့အသက်အရွယ်၊ကျားမ၊လူမျိုးဘာသာမရွေးခွဲခြားမှုမရှိဘဲစည်းရုံးလက်ခံဟု PLA တာဝန်ရှိသူ​ပြော

​မေ-၇၊၂၀၂၅။ရှိန်း/People’s Spring

ပုလဲမြို့နယ်ကအသက်မပြည့်‌‌သေးတဲ့လူငယ် ၅ ဦး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA ) ထဲကိုဝင်ရောက်သွားမှုနဲ့ပတ်သက်ပြီး ကလေးတွေကိုပြန်လွှတ်ပေးဖို့ မိဘ တွေကတောင်းဆို နေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့က ပုလဲမြို့နယ်က အသက်၁၅နှစ်ဝန်းကျင် ၉တန်းကျောင်းသား၊ကျောင်းသူ ၆ ဦးဟာ စာမေးပွဲ နောက်ဆုံးရက်မှာ တောင်ပေါ်ကိုဘုရားဖူးသွားတယ်ဆိုပြီးPLAတပ်ဖွဲ့ကို လာ ရောက် ခေါ်ဆောင်ခိုင်းကာ လိုက်သွားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ ကလေးတဦးပါတာမို့ တပ်ဖွဲ့ချင်းချိတ်ဆက်အကူအညီတောင်းတာ ကြောင့် ကလေးတဦး ပြန်လာပြီး နောက်ထပ် ယောကျာ်း လေး၂ ဦးနဲ့ မိန်းကလေး၃ဦးစုစု ပေါင်း ၅ဦးကျန်ရှိနေတာလို့သိရပါတယ်။

အဲဒီ နောက် ကလေးမိဘတွေက အသက်မပြည့် သေးတဲ့ ကလေး တွေမို့ တပ်ဖွဲ့ထဲမထည့်နိုင် ကြောင်း အကြိမ်ကြိမ်လိုက်တောင်းခဲ့တယ်လို့ဆိုပါတယ်။

PLAတပ်ဖွဲ့ရဲ့အမှတ် (၈၁၅ ) တပ်ဖွဲ့ဆီမှာ ကလေး တွေကို ပြန်ပေးဖို့ အတွက် ကလေးမိဘ တွေနဲ့ ကျောင်းဆရာတွေက ၅ ကြိမ်တိုင်သွားရောက် တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

“ဒုတိယအကြိမ်မှာက‌‌လေးတွေနဲ့တွေ့ခွင့်ရခဲ့တယ်။မိဘတွေက ပြန်လိုက်ခဲ့ဖို့ပြောတာ့ ကလေးတွေကပြန်လိုက်မယ် ပေါ့။အဲမှာကလေးတွေက ပြန်လိုက်မယ်လို့ ပြောတဲ့အချိန်မှာ အချိန်ပြည့်ပြီ ဘာညာနဲ့ ပြောပြီးတော့မှ ဆွဲခေါ်သွား တော့တာ”လို့ တပ်ဖွဲ့ထဲဝင် ရောက်သွားသူ ၁၅နှစ်အရွယ်မချစ်ဖူးဝေ ရဲ့အမဖြစ်သူက ပြောပါတယ်။

အဲဒီအချိန်မှာ မိဘ တွေက ကလေး တွေမပါဘဲ မပြန်နိုင်ဘူးဆိုပြီး ရုန်းရင်းဆန်ခတ်အ ခြေအနေတခုလည်းဖြစ်ခဲ့တယ်လို့လူငယ် ၅ ဦးရဲ့ မိဘ​တွေကပြောပါတယ်။

“ကျွန်တော်တို့ကဒီတပ်ဖွဲ့ကိုသဘောမကျလို့မဟုတ်ပါဘူး။ကလေးတွေကအသက်ငယ်သေးတဲ့အတွက်မိဘ အုပ်ထိန်းသူအောက်မှာ ရှိသင့်တယ်ဆိုတဲ့ခံယူချက်ကလေးပါ။တကယ်လို့သာကလေး တွေက၁၈နှစ်ပြည့်ပြီး တာနဲ့တပြိုင်နက်သူတို့ဆုံဖြတ်ချက်ကို မိဘ တွေအနေနဲ့ ကန့်ကွက်စရာ အကြောင်းရင်းတော့ မရှိပါဘူး”လို့ ၁၅နှစ်ပြည့်မွေး နေ့မှာပဲ PLA တပ်ဖွဲ့ထဲကို ဝင်ရောက်သွားတဲ့ မောင်လင်းထက် ‌‌‌ဇော်ရဲ့ ဖခင်ဖြစ်သူက လူထု​နွေဦးကိုပြောပါတယ်။

ငါးကြိမ်မြောက် PLAတပ်ဖွဲ့ဆီကို မိဘ တွေက ကလေးတွေကို တွေ့ခွင့်ရဖို့ ပြောဆိုစဉ်မှာ တပ်ဖွဲ့တာဝန်ခံ ‌ကတွေ့ခွင့်မပေးနိုင်ကြောင်းသာ ဖုန်းနဲ့ ပြောခဲ့တယ်လို့ မိဘ တွေကဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုလဲမြို့နယ်မှာ ကလေးမိဘ တွေနဲ့ဒေသခံတွေပူးပေါင်းပြီး ဧပြီလ၂၅ရက်နေ့က အသက်၁၈နှစ် မပြည့်ဘဲတပ်သားစု ဆောင်းတာကို ကန့်ကွက်ကြ ဆိုတဲ့ဆိုင်းဘုတ်ကိုင်​ဆောင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး PLAတပ်ဖွဲ့မှ တာဝန်ရှိသူက တပ်ဖွဲ့ဘက်ကရဲဘော်သစ်တွေကို စည်းရုံးတဲ့အခါမှာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွေး

အခေါ်အပေါ် အဓိက အခြေခံထားပြီး စည်းရုံးတာဖြစ်ပြီးတော်လှန်ရေး ဆင်နွှဲလိုတဲ့ ရဲဘော်တွေကို စည်းရုံးလက်ခံတဲ့နေရာမှာ အသက်အရွယ်၊ ကျား မ၊ လူမျိုးဘာသာ မရွေး ခွဲခြားမှုမရှိဘဲ စည်းရုံးလက်ခံတယ်လို့​ပြောပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း”ကာယကံရှင်ဖြစ်တဲ့ရဲဘော်သစ်တွေရဲ့သဘောဆန္ဒကို အဓိကထားပြီး ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းပါတယ်။ လက်တွေ့မှာလည်း အိမ်ပြန်လိုက်လိုတဲ့ ရဲဘော်တွေကို ပြန်ခွင့်ပြုပြီး ဖြစ်ပါတယ်။ မလိုက်လိုတဲ့ ရဲဘော်တွေကိုတော့ သူတို့ ဆန္ဒအတိုင်း ထားရှိပါတယ်။ မိဘတွေက သားသမီးတွေကို စိုးရိမ်စိတ်ပူတာက လက်တွေ့လူမှုဘဝ အရှိတရားပါပဲ။ မိဘတွေရဲ့ စိတ်ပူပန်မှုကို အခွင့်ကောင်းယူပြီး သွေးထိုးလှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေ ရှိတာကိုလဲ တွေရပါတယ်။ ဒါဟာ မလုပ်သင့်ပါဘူး။”လို့ တပ်ဖွဲ့တာဝန်ရှိကသူ ပြောပါတယ်။

ကလေးမိဘ တွေဖက်ကလည်း ကလေးတွေ ပြန်လည်ရရှိဖို့ ဆက်ကြိုးစားသွားမှာဖြစ်ပြီး ဆန္ဒပြ တောင်းဆိုတာ တွေလည်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။PLA ဟာ ရှမ်းပြည်နယ် ​မြောက်ပိုင်း နဲ့ စစ်ကိုင်း ၊မန္တ​လေး ၊ မ​ကွေးတိုင်းစတဲ့​ဒေသ​တွေ မှာ အခြား​တော်လှန်​​ရေးအဖွဲ့​တွေနဲ့ပူး​ပေါင်းပြီးစစ်တပ်ကို တိုက်ခိုက်ခဲ့တာ​တွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျောက် ပန်းတောင်း - မြင်းခြံလမ်းပိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလာပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားလိုအပ်ချက်အတွက်နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းနေ၍ လူငယ်များ အသွားအလာ သတိထားကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။