Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ရုရှားသွား​နေ​သော်လည်း စစ်​ကောင်စီဗုံးကြဲမပျက်

ယာယီအပစ်ရပ်​ကြေညာထားပြီး ၊အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့သွားရောက်နေ​သော်လည်းစစ်​ကောင်စီက မေလ ၇ရက်ညနေ နှင့် ညပိုင်းတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ချင်းပြည်နယ်မင်းတပ်မြို့နယ်စသည်တို့ကိုလေကြောင်းမှ ဆက်လက်ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

မင်းတပ်မြို့နယ်တွင် ​မေ ၇ ရက်ကဗုံးကြဲခံရပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-မင်းတပ်ပကဖ

​မေ-၈၊၂၀၂၅။ ကဖေး/People’s Spring

ယာယီအပစ်ရပ်​ကြေညာထားပြီး ၊အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့သွားရောက်နေ​သော်လည်းစစ်​ကောင်စီက မေလ ၇ရက်ညနေ နှင့် ညပိုင်းတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ချင်းပြည်နယ်မင်းတပ်မြို့နယ်စသည်တို့ကိုလေကြောင်းမှ ဆက်လက်ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

​မေ ၇ ရက်​နေ့ည ၈နာရီခွဲအချိန်တွင်ဂန့်ဂေါမြို့နယ်ကိုတံတားဦးလေတပ်တက်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိခိုက်မှုကိုမသိရသေးဘဲ လေကြောင်းမှထပ်မံဗုံးကြဲနိုင်၍ ဒေသခံပြည်သူများ လုံခြုံသည့်နေရာတွင်နေရန်ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

မင်းတပ်မြို့ကိုမေလ (၇) ရက် နံနက် ၁နာရီခွဲခန့်၌ ဗုံးနှစ်လုံးကြဲချခဲ့ပြီးနေ့လယ် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာအစိုးရအဆောက်အဦးနှင့်ဝန်ထမ်းအိမ်ရာများထိခိုက်ပျက်စီးပြီး၊ အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုများရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များနှင့် စစ်​ကောင်စီ စစ်ရေးတင်းမာနေသောလေးမျက်နှာမြို့၊ပန်းတောကြီးရွာကို ​မေ ၇ ရက်ည ၁၀ နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲသွားကြောင်း ဒေသခံများကပြောသည်။

“လေးမျက်နှာမှာဖြစ်တဲ့တိုက်ပွဲတစ်လျှောက် ဒီနေ့ညဗုံးကြဲတာအပြင်းထန်ဆုံးပဲ။တိုက်ပွဲဖြစ်တဲ့အသံမကြားရဘဲနဲ့ ဗုံးကြဲသွားတာ”ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ ဗုံးကြဲသည့်အထက်ပါမြို့နယ်များတွင်လတ်တလော၌တိုက်ပွဲများဖြစ်ပွားနေခြင်းမရှိပေ။

စစ်ကောင်စီသည်မတ်လ ၂၈ ရက်က ​မြေငလျင်ကိုအကြောင်းပြ၍မေလ ၆ရက်မှ မေလ၃၁အထိကို အပစ်အခတ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ အဆိုပါ အပစ်ရပ်ကာလမတိုင်ခင် ဧပြီလ ၂ရက်မှ ဧပြီလကုန်အအထိလည်း စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့​သော်လည်း လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်ခဲ့သည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီခေါင်းဆောင်သည်ရုရှားနိုင်ငံသို့ခရီးထွက်နေပြီး အာဏာသိမ်း​ခေါင်း​ဆောင်မရှိဘဲ ဒုတိယအာဏာသိမ်းခေါင်းဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကျန်ရှိ​နေချိန်တွင်ပါ အထက်ပါ လေကြောင်းတိုက်ခိုက်မှုများဆက်လက် ကျူးလွန်နေခြင်းဖြစ်သည်။

ငလျင်လှုပ်ခဲ့သည့် မတ်လ၂၈ ရက်မှ မေ၂ ရက်အထိ ၃၆ ရက်အတွင်း စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု၂၈၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ၂၇၆ ဦး သေဆုံးကာ ၄၅၆ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

​ရုရှားက​မော်စကိုတွင်ပြုလုပ်မည့်​ဒုတိယကမ္ဘာ့စစ်​အောင်ပွဲ ခံ​နေ့ အခမ်းအနားသို့တက်​ရောက်ရန် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ဇနီးအပါအဝင် ၊စစ်​ကောင်စီတွဲဖက်အတွင်း​ရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့် ဇနီး ၊ ကြည်​ရေ​လေ ညှိနှိုင်းကွပ်ကဲ​ရေးမှူးဗိုလ်ချုပ်ကြီး ​ကျော်စွာလင်း နှင့် ဇနီးစသည့်အာဏာသိမ်းစစ်​ခေါင်း​ဆောင်များပါသွား​ရောက်​နေကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။