Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသ တိုက်ပွဲ ၅ရက်အတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ၊ ပြည်သူ့စစ်ပူးပေါင်းတပ်အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးမေလဆန်းအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင် လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ။ ဓာတ်ပုံ - The Kachin Net

ဗန်းမော်တိုက်ပွဲ ဆက်ပြင်းထန်၊ စစ်ကောင်စီက သံချပ်ကာအကူဖြင့် တန်ပြန်ထိုးစစ်ဆင်ဟုဆို

မေ ၈၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ၊ ပြည်သူ့စစ်ပူးပေါင်းတပ်အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးမေလဆန်းအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်များက ဖားကန့်ဒေသ ပြန်လည်စိုးမိုးနိုင်ရေးအတွက် အင်အား အများအပြားဖြင့်ထိုးစစ်ဆင်ခဲ့ရာ လတ်တလောတွင် ဖားကန့်မြို့နယ် ကပ်မော် ဒေသ၌ တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ကပ်မော်နဲ့ ဆိုင်းဖရာရွာကြားမှာတိုက်ပွဲဖြစ်တာ။ ဒီလေးငါးရက်အတွင်းမှာ စခ ဘက်က၁၅၀ လောက်ရှိမယ် သေတာရယ်။ ဒဏ်ရာရတာရယ်အားလုံးပေါင်းရင်။ အတုန်းအရုန်းပဲ မနေ့က(မေလ ၆ရက်)ကဆို အယောက် ၄၀ကျော် လောက်ရှိမယ် သေတာ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ သို့သော် ဖားကန့်ဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်​၏ သေဆုံးထိခိုက်မှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ထို့အပြင် ဗန်းမော်မြို့တိုက်ပွဲမှာလည်းညပိုင်းအချိန်ထိ ပြင်းထန်လျက်ရှိဟု ပြောပြသည်။

“ဗန်းမော်အခြေအနေက ဒီနေ့ တနေကုန်တိုက်ပွဲဖြစ်တယ်။ ခုည(မေလ ၇ရက်ည) ၁၁နာရီခွဲအထိ မရပ်မနား တိုက်ပွဲဖြစ်နေတာ။ တော်တော် ပြင်းထန်နေတာ။ ဗန်းမော်မှာ စခတွေက သံချပ်ကာတွေနဲ့ တန်ပြန်ထိုးစစ် လုပ်လာတယ်။ ဒီနေ့ တနေကုန် တိုက်ပွဲဖြစ်တာ။ အခုည ၁၁နာရီခွဲအထိပဲ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့အား အပြီးသတ်သိမ်းနိုင်ရေးအတွက် ဧပြီ ၂၅ရက်တွင်ပြန်လည်၍ ထိုးစစ်ဆင်ခဲ့ရာ စကခ(၂၁) တပ်ဌာနချုပ်၊ခလရ(၄၇)တပ်ရင်း၊ဆေး၊ ထောက်ပို့နှင့် အင်ဂျင်နီယာတပ်များကို အပြင်းအထန် တိုက်ခိုက်နေသည်ဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။

ထို့အပြင် ဖားကန့်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီပြည်သူ့စစ်က မြေပြင်ထိုးစစ်သာမက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်းKIAက ပြီးခဲ့သည့် ရက်ပိုင်း သတင်းဖော်ပြချက်တွင် အသိပေးထားသည်။

ဖားကန့်မြို့နယ်ရှိ KIAတပ်ရင်း(၂၆)၊ တပ်ရင်း (၄၄)နယ်မြေများအတွင်း စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေကာနှစ်ဖက်ထိခိုက်မှုရှိကြောင်း၊ စစ်ကောင်စီတပ်က သေဆုံးမှုများပြားကြောင့်း KIAသတင်းပြန်ကြားရေးဌာန၏ မေလ ၄ရက် သတင်းဖော်ပြချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook