Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မိုးသည်းလို့ ငလျင်ထိထားတဲ့ အဆောက်အအုံပြိုကျပြီး လူနှစ်ဦးထိခိုက်

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ငလျင်ထိထားတဲ့ အဆောက်အအုံတချို့ ပြိုကျလို့ လူနှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မေလ ၁၀ရက်က မိုးရွာပြီး မန္တလေးမြို့ ၇၄လမ်းပေါ်ရှိ အဆောက်အအုံတစ်ခု ပြိုကျခဲ့စဥ်။ ဓာတ်ပုံ - CJ

■ချမ်းမြသာစည်၊ကံရွာရပ်ကွက်ဗလီမှာဝတ်ပြုဖို့ ယာယီဆောက်လုပ်ထားတဲ့ အဆောက်အဦပြိုကျ

မေ ၁၀၊ ၂၀၂၅။Scorpio၊က​ဖေး/People’s Spring

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ငလျင်ထိထားတဲ့ အဆောက်အအုံတချို့ ပြိုကျလို့ လူနှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ မေလ ၁၀ရက် ညနေ ၃နာရီခွဲခန့်က မန္တလေးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မဟာအောင်မြေမြို့နယ်၊ ၇၄လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ အဆောက်အအုံတစ်ခု ပြိုကျပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၁၀ရက်က မိုးရွာပြီး မန္တလေးမြို့ ၇၄လမ်းပေါ်ရှိ အဆောက်အအုံတစ်ခု ပြိုကျခဲ့စဥ်။ ဓာတ်ပုံ – CJ

” လူနှစ်ဦးကယ်ဆယ်ပြီး တယောက်မှာစိုးရိမ်ရတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချမ်းမြသာစည်မြို့နယ်၊ ကံရွာရပ်ကွက် ဗလီမှာလည်း ဝတ်ပြုဖို့ ယာယီဆောက်လုပ်ထားတဲ့ အဆောက်အဦပြိုကျတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အဲဒီအဆောက်အဦပြိုကျမှုအခြေအနေ အသေးစိတ်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ဒါ့အပြင် မိုးသည်းထန်စွာရွာရုံတင်မကဘဲ မိုးသီးတွေပါပါနေတယ်လို့ စိန်ပန်းနဲ့ မြောက်ပြင်ဘက် က ဒေသခံတွေက ပြောပါတယ်။

“မြေကြီးထဲကနေလည်း ဆွဲခါပြီးပြီ။ အခု အပေါ်ကနေလည်း မိုးသီးတွေနဲ့ ထုတယ်”ဟုမန္တလေးမြို့ခံတစ်ဦးကပြောသည်။

မိုးသည်းသည်းမဲမဲရွာသွား၍ ငလျင်ဘေးသင့်အခြားတိုက်အိမ်များ ပြိုမည်ကို စိုးရိမ်နေရသည်ဟု မြို့ခံအချို့ကပြောသည်။

မန္တလေးမှာ ငလျင်ကြောင့် အဆောက်အဦ လေးထောင်ဝန်းကျင် ပြိုကျပျက်စီးခဲ့ပြီး အများစုက ရှင်းလင်းနိုင်ခြင်း မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လေပြင်းတိုက်ခိုက်မှုနဲ့ မိုးကြီးမယ့်အန္တရာယ်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က မေလပထမပတ်အတွင်းက ထုတ်ပြန်ထားပါတယ်။

ဒေသအများအပြားမှာ မိုးရွာသွန်းနိုင်ပြီး မွန်းလွဲနဲ့ ညနေပိုင်းအချိန်များမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်း စတဲ့ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တယ်လို့ MOHADMက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီအတွင်းကပဲ မန္တလေးမြို့အပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသများမှာ နေရာကွက်မိုးကြီးခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ မိုးကြီးကာ လေပြင်းခဲ့တာကြောင့် ငလျင်ဘေးသင့် အဆောက်အအုံတွေပြိုကျတာ၊ ယာယီတဲတွေထဲ နေထိုင်လို့မရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။