Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆောက်လက်စ အဆောက်အဦးတွေ ရပ်ဆိုင်းထားဖို့ စည်ပင်ညွှန်ကြား

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

ငလျင်ကြောင့်ထိခိုက်သွားတဲ့ မန္တလေး က သမဝါယမကောလိပ်ပင်မဆောင် ကိုတွေ့ရပုံ ဓာတ်ပုံ - မီးသတ်

မေ – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/ People’s Spring

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

အင်းအားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် ဆောက်လက်စ အဆောက်အဦးတွေရဲ့ ပင်မတိုင်တွေ ပျက်စီးမှု ရှိ ၊မရှိ စစ်ဆေးဖို့လိုအပ်တာကြောင့် ခေတ္တ ရပ်ထားကြဖို့ မန္တလေး စည်ပင်က ဆိုထားပါတယ်။

အဲဒီနောက်စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရ အဖွဲ့က ဖွဲ့ပေးတဲ့ စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးမှာဖြစ်သလို အဆောက်အဦးရဲ့ ပင်မတိုင်တွေ ထိခိုက်သွားရင် ဆက်လက်ဆောက်လုပ်ခွင့်မပေးတော့ဘဲ အသစ်ပြန်ဆောက်ရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

မလိုက်နာရင်တော့ အရေးယူမယ်လို့လည်း မန္တလေး စည်ပင်ကဆိုပါတယ်။

အခုအသိပေးကြေညာချက်ဟာ မန္တလေးမြို့ပေါ်က အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်အတွင်းက ဆောက်လက်စ အဆောက်အဦးတွေ အကြုံးဝင်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်း ငလျင်ကြီးအတွင်း နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိရပ်ကွက်တချို့မှာရေမီတာများပြတ်တောက်နေဆဲဖြစ်ကြောင်းမြို့ခံ​တွေကပြောပါတယ်။

နိုင်ငံတကာ

ပီရူးနိုင်ငံမှာ ပြင်းအား မဂ္ဂနီကျု ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁ ဦးသေပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။