Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆောက်လက်စ အဆောက်အဦးတွေ ရပ်ဆိုင်းထားဖို့ စည်ပင်ညွှန်ကြား

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

ငလျင်ကြောင့်ထိခိုက်သွားတဲ့ မန္တလေး က သမဝါယမကောလိပ်ပင်မဆောင် ကိုတွေ့ရပုံ ဓာတ်ပုံ - မီးသတ်

မေ – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/ People’s Spring

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

အင်းအားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် ဆောက်လက်စ အဆောက်အဦးတွေရဲ့ ပင်မတိုင်တွေ ပျက်စီးမှု ရှိ ၊မရှိ စစ်ဆေးဖို့လိုအပ်တာကြောင့် ခေတ္တ ရပ်ထားကြဖို့ မန္တလေး စည်ပင်က ဆိုထားပါတယ်။

အဲဒီနောက်စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရ အဖွဲ့က ဖွဲ့ပေးတဲ့ စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးမှာဖြစ်သလို အဆောက်အဦးရဲ့ ပင်မတိုင်တွေ ထိခိုက်သွားရင် ဆက်လက်ဆောက်လုပ်ခွင့်မပေးတော့ဘဲ အသစ်ပြန်ဆောက်ရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

မလိုက်နာရင်တော့ အရေးယူမယ်လို့လည်း မန္တလေး စည်ပင်ကဆိုပါတယ်။

အခုအသိပေးကြေညာချက်ဟာ မန္တလေးမြို့ပေါ်က အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်အတွင်းက ဆောက်လက်စ အဆောက်အဦးတွေ အကြုံးဝင်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။