Connect with us

Hi, what are you looking for?

သတင်း

အထက်မင်းလှရှိ ရှမ်းတပ်ကြီးဗျူဟာစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

မေ ၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ပုံမှန်မဟုတ်တဲ့ သေနတ်ပစ်ခတ်သံတွေ အရင်ကြားတယ်။ ဒီနေ့ကျတော့ အဲဒီဗျူဟာမှာ တာဝန်ကျနေတဲ့ အမြောက်တပ်ကစစ်သားတစ်ဦး သတ်သေတယ်ဆိုပြီး တပ်ထဲက သတင်းထွက်လာတယ်။ တကယ်ကအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးသေတာ” ဟု မင်းလှမြို့ခံသတင်းရင်းမြစ်က ပြောသည်။

ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းသည် မင်းလှမြို့နယ်အတွင်း ပုသိမ် – မုံရွာလမ်းမကြီးဘေး၌ တည်ရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဉ်သည် မေလ ၁၃ရက် ညနေ ၃နာရီခန့်ကဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက သတင်းထိန်းချုပ်ထားသည်ဟု အထက်မင်းလှမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ သတင်းကြားရသလောက်အချင်းချင်းပစ်သတ်တာ ပိုပြီးဖြစ်နိုင်တယ်။ သေသွားတာကရိုးရိုးတပ်သားဖြစ်တယ်။ ဒီကိစ္စကသူတို့အတွင်းထဲမှာ တော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်” ဟု ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အထက်မင်းလှမြို့နယ်အတွင်း ကျေးရွာများလှည့်လည်၍ စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ်-မုံရွာလမ်းပိုင်းတနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၈ရက်တွင် တိုက်ခိုက်ခဲ့သည်။

အထက်ပါ စစ်ကြောင်းအပြင် အထက်မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက် စခန်းများကို တပ်မ(၉၉) ဦးဆောင်သည့် တပ်ရင်းများနှင့် စစ်သင်တန်းဆင်းအများအပြား အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့် အခြေအနေကို ကြိုတင်သတိပြုကြရန်ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ပုသိမ် – မုံရွာလမ်းပေါ်ရှိ ပဒါန်း၊ ကန်တုတ်၊ ရှမ်းတပ်ကြီးစခန်းများကို စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြိုနယ် နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွား​နေပြီး စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များအပါအဝင် စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ကျေးရွာများလှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ် - မုံရွာလမ်းပိုင်းတနေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကာကွယ်ရေးအတွက် စစ်ကောင်စီက အင်အားတိုးမြှင့်နေပြီး လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများရှိနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုကြရန် အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးသည်။

သတင်း

ကဖေး/People’s Spring စစ်ရေးအခြေအနေသတိပေးထားသည့် ပုသိမ် – မုံရွာကားလမ်းပိုင်း အသုံးပြုသည့် ယာဉ်များအား အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။ အထက်မင်းလှမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပိုင်းတွင် ဇန်နဝါရီ ၁၂ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား အထူးကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က...