Connect with us

Hi, what are you looking for?

သတင်း

အထက်မင်းလှရှိ ရှမ်းတပ်ကြီးဗျူဟာစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

မေ ၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ပုံမှန်မဟုတ်တဲ့ သေနတ်ပစ်ခတ်သံတွေ အရင်ကြားတယ်။ ဒီနေ့ကျတော့ အဲဒီဗျူဟာမှာ တာဝန်ကျနေတဲ့ အမြောက်တပ်ကစစ်သားတစ်ဦး သတ်သေတယ်ဆိုပြီး တပ်ထဲက သတင်းထွက်လာတယ်။ တကယ်ကအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးသေတာ”ဟု မင်းလှမြို့ခံသတင်းရင်းမြစ်က ပြောသည်။

ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းသည် မင်းလှမြို့နယ်အတွင်း ပုသိမ် – မုံရွာလမ်းမကြီးဘေး၌ တည်ရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဉ်သည် မေလ ၁၃ရက် ညနေ ၃နာရီခန့်ကဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက သတင်းထိန်းချုပ်ထားသည်ဟု အထက်မင်းလှမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“သတင်းကြားရသလောက်အချင်းချင်းပစ်သတ်တာ ပိုပြီးဖြစ်နိုင်တယ်။ သေသွားတာကရိုးရိုးတပ်သားဖြစ်တယ်။ ဒီကိစ္စကသူတို့အတွင်းထဲမှာ တော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်”ဟု ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အထက်မင်းလှမြို့နယ်အတွင်း ကျေးရွာများလှည့်လည်၍ စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ်-မုံရွာလမ်းပိုင်းတနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၈ရက်တွင် တိုက်ခိုက်ခဲ့သည်။

အထက်ပါ စစ်ကြောင်းအပြင် အထက်မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက် စခန်းများကို တပ်မ(၉၉) ဦးဆောင်သည့် တပ်ရင်းများနှင့် စစ်သင်တန်းဆင်းအများအပြား အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့် အခြေအနေကို ကြိုတင်သတိပြုကြရန်ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ပုသိမ် – မုံရွာလမ်းပေါ်ရှိ ပဒါန်း၊ ကန်တုတ်၊ ရှမ်းတပ်ကြီးစခန်းများကို စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊အထက်မင်းလှမြို့နယ်က စစ်တပ်ရဲ့ ရေနံချက်စက်ရုံ နဲ့ အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂)ကို တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ လူထုစည်းရုံးရေးဆင်းနေတဲ့ ဗမာပြည်ကာကွယ်ရေးတပ် - USBAကို တိုက်ခိုက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း USBAက ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြိုနယ် နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွား​နေပြီး စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များအပါအဝင် စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ကျေးရွာများလှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ် - မုံရွာလမ်းပိုင်းတနေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။