Connect with us

Hi, what are you looking for?

သတင်း

အထက်မင်းလှမြို့နယ်အတွင်း စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ကျေးရွာများလှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ် – မုံရွာလမ်းပိုင်းတနေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။

ပုသိမ်-မုံရွာကားလမ်းပိုင်းအား ယာဉ်စစ်ဆေးမှုပြုလုပ်နေသော အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်များ။ ဓာတ်ပုံ - အထက်မင်းလှ ပကဖ

မေ ၁၁၊၂၀၂၅။ကဖေး/People’s Spring

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ကျေးရွာများလှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ် – မုံရွာလမ်းပိုင်းတနေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။

စစ်ကားငါးစီးအပြင် ခြေလျင်စစ်ကြောင်းဖြင့်ပါ ဝင်ရောက်လာခြင်းဖြစ်ပြီး မေလ ၈ရက်ကစ၍ ပုသိမ်-မုံရွာလမ်းပိုင်းရှိ ချင်းကုန်းကွာအနီးတွင် တိုက်ပွဲစတင်ခဲ့ခြင်းဟု သတင်းရရှိသည်။

” ရန်သူဘက်က ဂဏန်းလက်မပုံ ညှပ်ထိုးလာတာ။ ခြေလျှင်တစ်ဖွဲ့၊သံပြားကာကားတွေနဲ့တစ်ဖွဲ့။ အဝင်မှာ ကားမိုင်းထိတယ်။ ခြေလျှင်အဖွဲ့နဲ့လည်း ထိတွေ့မှုရှိလိုက်တယ်”ဟု အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်စစ်ကြောင်းသည် ချင်းကုန်းရွာမှ နေအိမ်တစ်လုံးမီးရှို့သွားကာ လှေ့စဥ်ကျေးရွာ စာသင်ကျောင်းကိုလည်း ဒရုန်းဖြင့် ဗုံးကြဲသွားကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ကြောင်းကြောင့် ချင်းကုန်း၊ဆင်ဖြူကန် ၊လှေ့စဥ်၊ စျေးကြီးနှင့် အောက်ကိုင်းကျေးရွာများမှ ဒေသခံ ၃,၀၀၀ကျော်မှာ စစ်ဘေးရှောင်နေရသည်။

” လေကြောင်းကနေလည်း တောက်လျှောက်ဝဲနေတယ်။ ဒရုန်းနဲ့လည်းဗုံးကြဲတော့ ရွာမှာနေလို့မရတော့ဘူး။ မနေသင့်တော့ဘူး။ ဘေးလွတ်ရာမှာ အဆင်ပြေသလိုနေကြရတယ်” ဟု အထက်မင်းလှမြို့ခံတစ်ဦးက ပြောသည်။

‌မေလ ၈ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးကြောင်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောပြီး အသေးစိတ်ကို မသိရှိရသေးပေ။

အထက်ပါ စစ်ကြောင်းအပြင် အထက်မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက် စခန်းများကို တပ်မ(၉၉) ဦးဆောင်သည့် တပ်ရင်းများနှင့် စစ်သင်တန်းဆင်းအများအပြား အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့် အခြေအနေကို ကြိုတင်သတိပြုကြရန် ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ပုသိမ်-မုံရွာလမ်းပေါ်ရှိ ပဒါန်း၊ ကန်တုတ်၊ ရှမ်းတပ်ကြီးစခန်းများကို စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေခြင်းဖြစ်သည်။

အထက်မင်းလှမြို့တွင် ကာကွယ်ရေးပစွည်းစက်ရုံးများဖြစ်သည့် ကပစ(၂)၊ ကသစ(၁၀)၊ ကပစ(၁၃) တို့ရှိနေသည်။ ကပစ(၂) သည် အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမြောက်ဘက်၌ တည်ရှိသည်။ ကျည်ဆန်များ၊ အမြောက်ကျည်များ အဓိကထုတ်လုပ်သည်။ ကပစ(၁၀) သည် အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင် တည်ရှိပြီး တာဝေးပစ်ဒုံးကျည် (missile) များ၊ ဒုံးကျည်များ ထုတ်လုပ်သည်။ ကပစ(၁၃) သည် မိုင်းအဓိက ထုတ်သည်။ အဆိုပါနေရာများကို ကာကွယ်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေသည်။

လတ်တလော အခြေအနေများကြောင့် ပုသိမ်-မုံရွာလမ်းနှင့် ဒေသတွင်း လမ်းအသုံးပြု ခရီးသွားပြည်သူများ စစ်ကောင်စီနှင့် အနီးကပ်မနေကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
ပုသိမ်-မုံရွာလမ်းသည် ဧရာဝတီတိုင်း ပုသိမ်မြို့မှ စစ်ကိုင်းတိုင်း မုံရွာမြို့အထိ ဖောက်လုပ်ထားပြီး အဆိုပါလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများကလည်း ကြိုးပမ်းနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။