Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် မန္တလေးက အဝီစိရေတွင်းတွေ ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေကြုံနေရ

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ - ဈ - လူမှုကူညီရေးအသင်း/FB

မေ – ၁၄ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ငလျင် အပြီးမှာ ရေထွက်နည်းသွားတာ ၊ ရေလုံးဝမထွက်တော့တာ ၊ ရေအရေအသွေးညံ့ဖျင်းသွားတာ ၊ အဝီစီတွင်း ပိုက်တွေကျိုးပြတ်တာတွေ ကြုံရတာပါ။

အချို့အဝီစိတွင်းတွေကို ရေကြည်ထွက်အောင် ပြုပြင်ပေးရတာအပြင် တွင်းပေါက်သွားတဲ့အတွက် အသစ်ပြန်တူးပေးရတာမျိုးထိရှိတယ်လို့ အဝီစိတွင်းတူးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

” အောက်မှာ ပိုက်ကျိုးတာမျိုးကတော့ ပြင်မရရင် အသစ်ပြန်တူးရတာတွေရှိတယ် “လို့ လုပ်သက် ၁၅နှစ်သက်တမ်းရှိတဲ့ စက်ရေတွင်းတူးလုပ်ကိုင်သူတစ်ဦးကဆိုပါတယ်။

ဒါအပြင်ရေကြောတွေ့ရှိတဲ့မြေအောက်အနက်ပေလည်း အရင်ကထက် ပိုတူးလာရတယ် လို့ စိန်ပန်းရပ်ကွက်ရှိ စက်ရေတွင်းတူးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

ငလျင်ကြောင့် အဝီစိရေတွင်းပျက်စီးသွားပြီး အကူအ ညီလိုအပ်တဲ့နေရာတွေကို အလှုရှင်တွေနဲ့ချိတ်ဆက်ကာ ပြန်တူးပေးနေရတယ်လို့ ငလျင်ဘေးကူညီပေးနေသူတွေကပြောပါတယ်။

မန္တလေးမှာ မြို့နယ် ၇ ခု ရှိပြီး အဝိစိတွင်းရေကိုသာ အဓိထား အသုံး ပြု နေကြရတာပါ။

စည်ပင်ကဖြန့်ဝေပေးတဲ့ရေကလောက်ငှမှုမရှိတဲ့အတွက်ကိုယ်ထူကိုယ်ထ အဝီစိတွင်းရေကိုသာ အားပြုသုံးစွဲနေကြရတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook