Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ပဲခူးရိုးမဘက်ဦးတည်နေဟု PDF ပြော

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် အင်အားထပ်မံဖြည့်တင်းကာ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ဦးတည်လှုပ်ရှားနေကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ ၃ နတ်စစ်သည်မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ - တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ ၃ နတ်စစ်သည်

မေ ၁၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် အင်အားထပ်မံဖြည့်တင်းကာ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ဦးတည်လှုပ်ရှားနေကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

မေလ ၁၄ ရက် ညနေ ၆နာရီခန့်က နတ်တလင်းမြို့နယ်၊ ထန်းတောကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ထန်းတောကျေးရွာလယ်၌ မိုင်းကွင်းဆင်၍ ကျေးရွာအတွင်း စစ်ကြောင်းဖြတ်သန်းချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ခွဲမှူးက ပြောသည်။

“မိုင်းကွင်းက ထန်းတောရွာလယ်မှာပါ။ ပြည်သူတွေ မရှိပါဘူး။ တစ်ရွာလုံး ရှောင်နေရပါတယ်။ အဲဒါကြောင့် ရွာလယ်မှာ မိုင်းထောင်ပြီးဆွဲလိုက်တာပါ”ဟု တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအား အရေအတွက်အတိအကျ မသိရသေးသော်လည်း ယင်းနေ့(မေလ ၁၄ ရက်)ညပိုင်းတွင် သေဆုံးရုပ်အလောင်းတင်ဆောင်သည့် ကားတစ်စီး၊ ထိခိုက်ဒဏ်ရာရသူများအား နောက်ထပ်ကားတစ်စီးဖြင့် တင်ဆောင်၍ နတ်တလင်းမြို့ဘက်သို့ ပြန်သယ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် ဆံကဲရွာမ၌ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုရှိနေပြီး ထန်းတောကျေးရွာမှ နောက်ထပ်စစ်ကြောင်းတစ်ခုမှာ လက်နက်ကြီးများကိုပါ နေရာရွှေ့၍ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ ရှေ့ဆက်တိုးနေသည့်အပြင် အင်အားလည်း ထပ်ဖြည့်နေသည်ကို သိရှိထားရကြောင်း တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက ရှင်းပြသည်။

“သူတို့ရဲ့ရည်ရွယ်ချက်က ဘယ်လိုလဲတော့ မသိဘူး။ တပ်အထိုင်တွေကနေ နည်းနည်းဆီ ရှေ့ ဆက်တိုးနေတယ်။ ၁၂၀ မမ လက်နက်ကြီးတွေပါ ရှေ့ကိုရွှေ့ထားတာ။ ဒီအတိုင်းဆိုရင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ့်သဘော ရှိနေပါတယ်”ဟု တပ်ခွဲမှူးက မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအင်အား ၁၀၀ခန့်ပါစစ်ကြောင်းသည် မေလ ၁၄ ရက် နံနက် ၄ နာရီခန့်က ပျဥ်ပုံကျေးရွာမှတဆင့် ထန်းတောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဥ် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့၊ တပ် ခွဲ ၄ BRA တပ်ဖွဲ့၊ တပ်ခွဲ ၂ Phoenix တပ်ဖွဲ့နှင့် တပ်ခွဲ ၆ ဧရာညီနောင်တပ်ဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးထက်မနည်းသေဆုံးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

သို့သော် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျောက်ခွက်၊ ကျောက်ဆွယ်၊ ထန်းတောနှင့် တောင်ညိုကွက်သစ် စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၂,၀၀၀ခန့်မှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook